The Great El Dorado (Episode-9)

1.7K 259 9
                                    

Luhan : အား ..................

PCY : Luhan .........

Xiumin : Lu ပြုတ်ကျသွားပြီ။

နောက်ဆုံးမှ လျှောက်လာသော Luhan သည် မြေပြိုမှုကိုဦးစွာခံလိုက်ရသည်။

ထိုစဉ်

သူတို့ ရပ်နေသည့် ချောက်လမ်းကြီးမှာ တုန်ခါလာပြီး မြေစိုင်မြေခဲများက တစ်စပြီးတစ်စ ပြိုကျလာတော့သည်။

ချောက်၏ အောက်တွင် ကြီးမားကျယ်ပြန့် လှသော မြစ်ကြီးတစ်စင်း။

Kris : ဟ လှုပ်......လှုပ် လာပြီ ပြေးဟေ့ ပြေးတော့

သူတို့ အားလုံး Luhan အကြောင်းကိုပင် သတိမရနိုင်တော့ပဲ လွတ်ရာသို့ အမြန်ပြေးကြရသည်။ မြေကျောက်များက တစ်စပြီးတစ်စ တောက်လျှောက် ပြိုကျနေဆဲ။

သူတို့ထဲမှ နောက်ဆုံးလူ Kris က နောက်ဆုံးခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့၍ ဘေးမသီ ရန်မခ ချောက်အား ဖြတ်သန်းနိုင်ခဲ့သည်။

သို့သော် ခရီးစဉ်တွင် နောက်ထပ် လူတစ်ဦး ဆုံးရှုံးရလေပြီ။
ထိုအကြောင်းကို တွေးမိသောအခါ သေပြီးသူများကို လွမ်းဆွတ်မိသလို Luhan အတွက်လည်း စိတ်မကောင်းကြပေ။

ထိုအတူ သူတို့စိတ်ထဲတွင်လည်း စိတ်နှစ်ခွ ဖြစ်လာကြတော့သည်။

==============================

ဤခရီးကို စခဲ့ကတည်းက တစ်ခုတည်းသောရည်မှန်းချက်မှာ El Dorado မြို့နှင့် ရတနာသိုက်ကို ရှာဖွေရန်ဖြစ်သည်။

သို့သော် ယခုခရီးစဉ်တလျှောက်တွင် မြို့မပြောနှင့် တဲစုတ်ပင် မတွေ့ကြရသေး။ မြို့ကား အမှန်တကယ် ရှိမရှိ မသေချာပေ။ သို့သော် လူ ၄ ယောက်ကို ဆုံးရှုံးရလေပြီ။

ခရီးကို ဆက်ရန် ဆုံးဖြတ်ပါကလည်း ဤနေရာသည် မြို့၏ မည်သည့်အရပ်ဒေသတွင် ရှိသည်ကိုဂဃနဏ မသိကြပေ။ မြေပုံသည်လည်း မိမိတို့ လက်ဝယ် မရှိတော့။

ခရီးကို ရပ်တန့်ကာ ပြန်မည်ဆိုလျှင်လည်း သူတို့ မြေပုံမရှိဘဲ အသွားခရီးမှ ရေတံခွန်နှင့် တောကို ရှောင်သွား၍ မရ။ ရှောင်မသွားက ထိုနေရာမှ အန္တရာယ်များ ပေးကောင်းပေးလိမ့်မည်။

The Great El DoradoWhere stories live. Discover now