The Great El Dorado (Episode-11)

1.7K 262 16
                                    

" The mysterious Secret of The El Dorado Lost City "

AD 1794

Thailand, Khama Buddhist Temple

တစ်နေ့သောအခါ ရောက်ရှိလာသော နိုင်ငံခြားကုန်သည်တစ်ဦးသည် ထို ဘုရားတွင် ပူဇော်ကပ်လှူထားသော စိန်ပြာကြီးကို တွေ့ကာ ဘဝင်ကျဖြစ်ခဲ့သည်။

သို့ဖြင့် သူသည် ဘုရားရှိ လူများနှင့် ရင်းနှီးအောင် ချဉ်းကပ်ကာ ဘုရားဝေယျာဝစ္စ များကို ပြုလုပ်ပေးကာ အလစ်ကို စောင့်ခဲ့သည်။

လမိုက်ညတစ်ညတွင် ထိုမြို့တစ်မြို့လုံး ကံဆိုးမိုးမှောင်ကျခဲ့ရသည်။

လူအများ ပူဇော်ကိုးကွယ်ရာ စိန်ပြာကြီးသည် အခိုးခံရလေပြီ။

==============================

ထိုလူသည် စိန်ပြာကို ယူဆောင်ကာ England သို့ သဘောင်္ဖြင့် ပြန်သွားခဲ့သည်။

သို့သော် Yemen ကွေ့တွင် သဘောင်္သည် မိုးဒဏ် လေဒဏ် တို့၏အောက်သို့ ပြားပြားဝပ်နစ်မြုပ်လေသည်။

စိန်ပြာကြီးသည် ထိုသဘောင်္ကြီးနှင့်အတူ ခေတ္တပျောက်ကွယ်သွားသည်။

==============================

AD 1894

ထိုသဘောင်္ကြီး နစ်မြုပ်ခြင်း နှစ်တစ်ရာပြည့် ကျန်ရှိပစ္စည်း လေလံပွဲတွင် ထို စိန်ပြာကြီးသည် ပါဝင်လာသည်။

ထိုစိန်ပြာကြီးကို Italy ဘုရင်ကြီးက ဝယ်ယူခဲ့ပြီးနောက် ဘုရင်ကြီးသည် ရုတ်တရက် နတ်ရွာစံသွားခဲ့ကာ စိန်ပြာကြီးမှာ တဖန် ဇာတ်မြုပ်သွားလေသည်။

၁၄ နှစ်အကြာ France သုတေသနအဖွဲ့များမှ စိန်ပြာကြီးကို တွေ့ရှိခဲ့ပြီး လေလံတင်ရောင်းချခဲ့သည်။

ထိုနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ မိုးသက်လေပြင်း အပြင်းအထန် တိုက်ခတ်ခဲ့ကာ အိမ်များစွာ ပြိုကျခဲ့သည်။

သို့သော် လေလံပွဲတွင် ထိုစိန်ပြာကြီးကို Germany နိုင်ငံမှ သူဌေးကြီးတစ်ဦးက ဝယ်ယူခဲ့ကာ သူ၏ဇနီးအား လက်ဆောင် ပေးခဲ့သည်။

နှစ်နှစ်အတွင်း သူတို့သည် အလွန်ဆင်းရဲသွားကာ သူတို့၏ သားအကြီးနှင့် သားအငယ် တို့မှာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားသည်။

သူတို့လင်မယားလည်း သွပ်သွပ်ခါအောင် ရူးသွားကာ စိန်ပြာကြီးကို သူတို့နှင့် အပြိုင် Haiti နိုင်ငံမှ သူဌေးတစ်ဦးက ဝယ်ယူသွားသည်။

ထိုစိန်ပြာကြီးကို ဝယ်ယူပြီး ၁ နှစ်အတွင်း Haiti နိုင်ငံသည် မိုးခေါင်ရေရှားမှုကို အပြင်းအထန်ခံစားရသည်။

ထိုနောက် စိန်ပြာကြီးကို Etheopia အစိုးရက ဝယ်ယူခဲ့သည်။ Etheopia နိုင်ငံလည်း မိုးခေါ်င်ရေရှားမှုကို အလားတူ ခံခဲ့ရပြန်သည်။

ထိုအခါ USA သမ္မတ က ထိုစိန်ပြာကြီးကို ဝယ်ယူကာ Etheopia နိုင်ငံအား ငွေကြေးအထောက်အပံ့ပေးခဲ့သည်။

ထိုမှတဆင့် သမ္မတ၏သားတော်သည် သူ၏ ချစ်သူ ကချေသည်မလေးအား စိန်ပြာကို လက်ဆောင်ပေးခဲ့သည်။

ထိုနောက်တွင် ထိုကချေသည်မလေးသည် လုပ်ကြံခံ ခဲ့ရကာ လုပ်ကြံသူတို့က စိန်ပြာကြီးကို ယူကာ ဇာတ်မြုပ်သွားခဲ့သည်။

ယခု ကျွန်ုပ်၏ El Dorado ဧကရာဇ်အား ဖျက်စီးသူအပေါင်းကို နှိမ်နှင်းနိုင်ရန် မြေအောက်ပုဂ္ဂိုလ်အချို့နှင့် ဆက်သွယ်ကာ စိန်ပြာကို ဝယ်ယူပြီး မြို့၏ အလယ် Thunder Temple အတွင်း၌ ထားရှိခဲ့သည်။

ကျွန်ုပ်၏ ကျိန်စာသည် စိန်ပြာကြီး၏ ကျိန်စာပင်ဖြစ်သတည်း။

El Dorado မြို့အား တောနက်အတွင်း မြို့ပျောက်တစ်ခုအဖြစ် ထင်မှတ်ကာ စိန်ပြာကို ဇာတ်မြုပ်စေလတ္တံ။

စိန်ပြာအား ထိမိသူတိုင်း *အသေဆိုးနှင့် သေကြရလတ္တံ့။

El Dorado မြို့ဟောင်းသို့ လမ်း။

ဤနေရာမှ မြောက်ဘက် သို့ ခြေလှမ်း ၁၀၀။ လမ်းအဆုံး၌ သစ်ပင်ကြီးကို တွေ့ရပါက အနောက်ဘက်သို့ ခြေလှမ်း ၂၀၀ သွားပြီးလျှင် မြို့အနောက်ဖက် တံခါးဝသို့ရောက်လတ္တံ့ '

စာသည် ဤနေရာတွင်ဆုံးသွားသည်။

Suho : အိုး ဒါဆို Chanyeol တို့ကို အမြန်သွားတားမှဖြစ်မယ်။

D.O : အင်းလာသွားကြစို့။

သူတို့လည်း လမ်းညွှန်ထားသည့်အတိုင်း သွားခဲ့သည်။

==============================

ဖောင်သည် ကျောက်ဆောင်နှင့်တိုက်မိသော်လည်း ကံထောက်မစွာဖြင့် ဖောင်မပျက်ခဲ့။ သို့သော် ဖောင်သည် ရေစီးအတိုက်း ဂူကြီးတစ်ခုထဲသို့ ဝင်သွားလေတော့သတည်း။

TBC

90° Bow

မကောင်းမကန်း FIc လေးမို့ သည်းခံဖတ်ပေးကြနော်

Vitamin votes & fb လေးများ မစပါခည

The Great El DoradoWhere stories live. Discover now