The Great El Dorado (Episode-2)

2.6K 359 18
                                    

Chanyeol မျှော်ကြည့်လိုက်တော့ El Dorado မြို့ဟောင်း တည်ရှိရာ အရပ်မှာ ရွှေရောင်တဖိတ်ဖိတ်လင်းလက်နေတာကို တွေ့ရတယ်။

အဲ့အချိန်မှာ Chanyeol တစ်ယောက် မျှော်လင့်ချက်များစွာဖြင့် စိုက်ကြည့်နေမိသည်။

*Flashback*

Chanyeol က Geology ကျောင်းသားတစ်ယောက်ပါ။ သူဟာ စူးစမ်းလေ့လာရတာကို သဘောကျပါတယ်။

တစ်နေ့မှာတော့ သူက အိမ်ပျက်ကြီးတစ်ခု အတွင်းမှာ လေ့လာစူးစမ်းနေခဲ့တယ်။

သူက မြေကျောက်တွေကို လေ့လာရင်း အမှတ်တမဲ့ စာရွက် တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့တယ်။

အဲ့ဒါကတော့"Map of El Dorado, hidden-city of mystery and treasure" တဲ့

မြေပုံအရဆိုရင် Seoul မြို့ တောင်ဘက် အိတ်ဇိုရိုးမ တစ်ဖက်၊ Black Pearl မြစ်တစ်ဝိုက်လို့ပြ ထားပါတယ်။

သူဟာ အဲ့မြေပုံကို အရမ်း စိတ်ဝင်စားသွားလို့ ယူလာပြီး သူ့သူငယ်ချင်းတွေကို ပြခဲ့တယ်။

နောက်ဆုံး သူငယ်ချင်းတွေနဲ့ သဘောတူညီချက် ရရှိခဲ့ပြီး Suer holidays မှာ El Dorado မြို့ဟောင်း ကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။

*Flashback End*

Chanyeol တစ်ယောက် ကားပေါ်ပြန်တက်လာပြီး El Dorado မြို့ဟောင်းကို စိတ်ကူးယဉ်မှန်းဆကာ ပြန် အိပ်ခဲ့လေသည်။

ထိုစဉ် လင်းနို့အုပ်တစ်အုပ်က သူတို့ကားပေါ်မှ ဖြတ်သန်းသွားလေသည်။

ဝက်သစ်ချပင်ကြီးပေါ်မှ ဇီးကွက်ကြီးက မျက်လုံးအဝိုင်းသားဖြင့် သူတို့အား စိုက်ကြည့်နေသယောင်ယောင် ။ ။

====================================

5:00 A.M.

D.O နှင့် Lay တို့ က အစောဆုံးနိုးနေပြီး အားလုံးအတွက် ခေါက်ဆွဲပြုတ်ကြသည်။

မကြာမီ ကျန်သူများ နိုးလာကြပြီး ပါလာသော ရေပုံးမှ ရေတို့ဖြင့် မျက်နှာသစ် သွားတိုက်ကာ ခေါက်ဆွဲစားကြသည်။

ထိုစဉ် Chanyeol က စကားစသည်။

PCY : မနေ့ညက ငါ El Dorado မြို့ဟောင်းဘက် ကြည့်တာ ရွှေရောင်တွေ လက်နေတယ်ကွ

Kai : မင်း ဆိုလိုချင်တာက...... မင်းမြေပုံမှန်တယ်လို့ပြောမလို့မလား??

PCY : အင်း ငါ့ မြေပုံက အမှန်ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ခရီးဆက်ရမှာပေါ့ကွာ

Suho : အေးပါကွာ ငါတို့အတူ ကြိုးစားကြတာပေါ

All : Nae!!!

သူတို့ ခရီးကို ဆက်ခဲ့ကြသည်။

ရှေ့ဆက်ခရီးသည် အိတ်ဇိုရိုးမတောအဝင်ဖြစ်သဖြင့် ချုံနွယ်ပိတ်ပေါင်း ထူထပ်လှသည်။ သစ်ပင်ကြီးများမှာလည်း ပိုမို ကြီးမားပြီး အရွက်များမှာ စိပ်လျက် ပတ်ဝန်းကျင်တစ်ခွင်လုံး အရိပ်ကျနေပေသည်။

တောက နက်လာသည်နှင့် အမျှ တောရိုင်းတိရစ္ဆာန်များ၏ မြည်ကြွေးသံများကို တစ်ရံမလပ်ကြားနေရသည်။

ကျေးငှက်သံများမှာလည်း ဆူညံလှပါဘိ။

Chanyeol တို့ အားလုံးမှာ ဘေးဘီဝဲယာကို မျှော်ကြည့်ရင်း အတွေးကိုယ်စီ ရှိနေကြသည်။

တောနက်ထဲရောက်သောအခါ လမ်းမှာ ကြမ်းတမ်းလာပြီး ဆူးငြောင့်ခလုတ်များမှာလည်ူ ထူထပ်လာသည်။

အိတ်ဇိုရိုးမ သည် ကျယ်ပြန့်လှသော တောနက်ကြီးတစ်ခုဖြစ်ပြီး လူသူအရောက်အပေါက်အလွန်နည်းသည်။ သုတေသနပြုလုပ်သူအချို့သာ လာရောက်လေ့ရှိသည်။

တောလယ်ရောက်တော့ ကားကို မြက်များ သစ်ရွက်များဖြင့် ဖုံးကာ ဖွတ်ထားလျက် ရှေ့လမ်းခရီးကို ခြေလျင် ဆက်လှမ်းခဲ့ရလေသည်။

အားလုံးမှာ တောတောင်ကျေးလက် သဘာဝ များကို မြက်ဝါးထင်ထင် တွေ့မြင်ခံစားရ၍ စိတ်လက်ပေါ့ပါး ကြည်နူးနေကြသည်။

ထိုစဉ်

PCY : Baekhyun hyung nim ကျွန်တော့ကို ဓာတ်ပုံရိုက်ပေး Ig ပေါ် တင်မလို့။

Baekhyun : မင်းကတော့နော် apk! ပေး ပေး ဖုန်းပေး။

Sehun : ကျွန်တော်လည်း ပါမယ်လေ။

Luhan, D.O, Lay တို့ပါ ဓာတ်ပုံရိုက်သည့်ထဲတွင် ပါလာသည်။

ကျန်သူများကတော့ နီးရာနေရာတွင် ထိုင်ကာ အမောဖြေနေကြပေသည်။

ထိုစဉ် Chanyeol တို့ဆီမှ အော်သံ ထွက်လာသည်။

TBC

Fb လေးများ မစကြပါနော်

Thank

The Great El DoradoWhere stories live. Discover now