The Great El Dorado (Episode-4)

1.9K 323 14
                                    

Tao :အဲ့ဒီအချိန်မှာပဲ ငါ့ခေါင်းပေါ်ကို ဘာကြီးလဲမသိဘူး ပြုတ်ကျလာတယ်။ ငါလည်း သတိမေ့သွားတယ်။ သတိလည်း ရရော ငါ့ လက်ထဲမှာ ဒီ ဖားနှစ်ကောင်ရောက်နေတာပဲ ငါလဲကြောက်ကြောက်လန့်လန့် နဲ့ ဒီပြေးလာတာပဲ

Xiumin : အင်း အဲ့တာကတော့ ထူးဆန်းတယ် Yeol မင်း ဟိုတစ်နေ့က အိုးစည်ဗုံမောင်းသံတွေကြားတာမလား

Suho : အဲ့တာတွေကို ချုံကြည့်မယ်ဆိုရင်တော့ ငါတို့ပတ်ဝန်းကျင်မှာ လူတစ်စုရှိနေတာပဲ ဖြစ်ရမယ်

Kris : အင်း ငါလည်း အဲ့လိုပဲ ထင်တယ်

Suho : အဲ့တော့ ငါတို့ ဒီထက်ပိုပြီး သတိဝီရိယ ရှိရမယ်။ အခုည ကင်းစောင့်ရမယ်။ အခု ညဦးပိုင်းကို Sehun မင်း နဲ့ Luhan နဲ့ စောင့်ကွာ။ ညသန်းခေါင်ကို Kai နဲ့ D.O နဲ့ စောင့်ကြ။ အရုဏ်တက် အထိ ကျန်တာကို Tao နဲ့ Kris စောင့်ကြ။ ကျန်တဲ့သူတွေကတော့ နက်ဖြန်မှ စောင့်ကြပေါ့။

All : Nae

====================================

ညသည် ငွေလစန္ဒာ နှင့် ဖွားဖက်တော် ကြယ်တာရာတို့ဖြင့် ငြိမ်းချမ်းကြည်နူးမှု အဖြာဖြာ ထွန်းလင်းနေသည်။

တောင်ပေါ်ဒေသမို့ အချမ်းပိုလှသည်။

Kai နှင့် D.O တို့ခမျာ မီးပူပူကို အကူပြု၍ နွေးမှုကို ဖန်တီးကြရသည်။ မီးခိုးတလူလူ မီးပူပူ တို့ဖြင့် အေးသူကို နွေးစေသည်။

လရောင်ဖြူဖြူ နှင်းထူထူ ဖြင့် Kai တို့မှာ အအေးဒဏ်ကို မညှာတမ်းခံနေရသည်။

ညဥ့်ကား ပို၍ နက်လာသည်။

Kai က ဗိုက်ဆာလာသဖြင့် Tao ယူလာသော ဖားနှစ်ကောင်ကို မီးပူပူတွင် ကင်လေတော့သည်။

D.O က သစ်ပင်ရင်း ချုံတန်းဘေး၌ ကော်ဖီသောက်နေသည်။

ဖားကင်မှ အနံ့ ထွက်လာသည်။ ထိုအနံ့ကား ထူးဆန်းလှချေသည်။ အနံ့သည် အလွှန်မွှေးသည်။ သာမန် ဖားကင်နံ့ကား မဟုတ်။ ထူးတော့ထူးသည်။

ဖားကင်နေချိန်၌ ထူးဆန်းသော အသံများထွက်လာသည်။ အသံမှာ ချုံတိုးသံဖြစ်သည်။ ချုံပုတ်များအတွင်း တစ်စုံတစ်ခု ဖြတ်သန်းသောအခါ ထွက်သော အသံမျိုး။

The Great El DoradoWhere stories live. Discover now