မိုးတွေသည်းထန်စွာ ရွာနေတဲ့ လမ်းမတစ်လျှောက်...မိုးရေတွေကြား အသက်လုကာ ပြေးလွှားနေတဲ့ ကောင်လေး.. မျက်နှာမှာလည်း ဖူးယောင်ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ချို့လည်း ရှိနေပြီး တစ်ချို့နေရာတွေက သွေးတောင် ထွက်နေ၏ အနောက်ကို လှည့်ကြည့်လှည့်ကြည့်ပြီး ပြေးနေရာက ချော်လဲကျသွားတာတောင် ဒဏ်ရာတွေကို ဂရုမစိုက်နိုင်အား လွတ်ဖို့ဘဲ အရေးကြီးတာကြောင့် ကုန်းရုန်းထကာ ပြေးပြန်၏။ပြေးနေရင်းက အရှေ့ကို ကြည့်လိုက်မိတော့ Bus ကားမှတ်တိုင်....။
"ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ..."
အဝါရောင် မိုးကာဝတ်ထားကာ မတ်တပ်ရပ်နေတဲ့ ကောင်လေးကို သူ အပြေးအလွှား အကူအညီတောင်းမိ၏။ သူနဲ့ ရွယ်တူလောက် ရှိမယ်လို့ ထင်ရပြိး ထိုကောင်လေးက မျက်မှန်အဝိုင်းလေး တပ်ထား၏။
"ဖယ်...လွှတ်စမ်း..."
"ငါ့ကို သူတို့သတ်လိမ့်မယ်..ငါ့ကို ကယ်ပါ..."
"မင်းကို လွှတ်လို့ ပြောနေတယ်နော်..."
ဒဏ်ရာတွေနဲ့ ကောင်လေးက မိုးကာအဝါလေးနဲ့ ကောင်လေးရဲ့ လက်ကို အတင်းဆွဲထားတာကြောင့် အတင်းရုန်းကန်ရင်း ရွံရှာသလို သူ့လက်တွေကို ပုတ်ထုတ်နေ၏။
"Please...."
ထိုကောင်လေးက သူ့မျက်ဝန်းတွေထဲထိ စိုက်ကြည့်ပြီး တောင်းပန်တိုးလျှိုးသလို အကြည့်တွေနဲ့ ကြည့်ပြီး သူပြေးလာရာ လမ်းဘက်ကို ရတက်မအေးသလို လှည့်ကြည့်နေပြန်၏။ထိုအခါမှ မိုးကာ အဝါလေးနဲ့ ကောင်လေးက သူဝတ်ထားတဲ့ မိုးကာကို ချွတ်ပေးလိုက်ပြီး ဝတ်စေ၏။ပြီးနောက် သူလွယ်ထားတဲ့ ကျောပိုးအိတ်ကိုပါ ချွတ်ပေးရင်း....
"ရော့.....ငါကလေ သူများကို ကူညီရတာကို သိပ်မုန်းတာ..ငါလည်း အကူအညီမတောင်းဘူး..ငါ့ကိုလည်း လာမရှုပ်နဲ့ဘဲ..."
မိုးတွေသည်းထန်နေပေမယ့် သူပြောတဲ့စကားတွေကို ကောင်းစွာ ကြားရတဲ့ အနေအထား..။
"...."
ထိုကောင်လေးက မျက်မှန်လေး တစ်ချက်ပင့်တင်ပြီး ထပ်ပြောပြန်၏။
"နောက်ခါ ငါနဲ့မတွေ့စေနဲ့...မင်းလိုကောင်ကို ခဏလေးနဲ့ ဒီမြေပေါ်မှာ မရှိတော့အောင် လုပ်နိုင်တယ်ဆိုတာ သိထား.."
YOU ARE READING
Always With You (Completed)
Fanfictionပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo Revengers ကြည့်ခဲ့တယ်.. အဲ့ထဲမှာ Toman ဂိုဏ်းချုပ် Mikey နဲ့ ဒုဂိုဏ်းချုပ် Draken တို့ရဲ့ relationship လေးကို တကယ် သဘောကျသွားတာ...အဲ့ဒါနဲ့ဘ...