AWY-26

828 49 11
                                    

နှစ်တွေ ကြာလာတာနဲ့ အမျှ အခြေအနေတွေဟာလည်း တဖြေးဖြေးနဲ့ ပြောင်းလဲ လာ၏။ထို့အတူ ဂိုဏ်းတွေရဲ့ အခြေအနေတွေဟာလည်း အရင်ကနှင့် လားလားမျှ မတူ။ဘန်ကောက်မြို့မှာ ဂိုဏ်းကြီး သုံးဂိုဏ်းအပြင် ဂိုဏ်းငယ်လေးတွေဟာလည်း ထိန်းချုပ်လို့ မရအောင်ကို ပေါများလာ၏။ရာဇဝတ်မှုတွေ၊ လောင်းကစားနဲ့ တစ်ခြား အမှုများစွာကလည်း ပေါ်ပေါက်လာ၏။အစိုးရအာဏာပိုင် အဖွဲ့တွေကတော့ ဒီလိုတွေ ဖြစ်လာရတာ အဓိက ဒီဂိုဏ်းတွေ​ကြောင့်ဟု ဆိုကာ ဖြိုခွဲဖျက်ဆီးရန် အထူးအဖွဲ့ကို ဖွဲ့ကာ စေလွှတ်၏ မကြာခဏ ရှောင်တခင် စစ်ဆေးတာတွေ၊ ကားတွေကို စစ်တာတွေ၊ စက်ရုံတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရှာတာတွေပါ လုပ်လာကြ၏။ဒါ့အပြင် ဂိုဏ်းကြီး သုံးဂိုဏ်းလုံးကို နှိမ်နင်းပြီး ဘန်ကောက်မြို့ကို ကြီးစိုးချင်တဲ့ အင်အားကြီးမားတဲ့ မာဆာယာ ဆိုတဲ့ မျိုးနွယ်စုကလည်း နောက်မှပေါက်တဲ့ ရွှေကြာပင်လို ပေါ်ထွက်လာ​သေး၏။ White Dragons အနေနဲ့ နယ်မြေကြီးစိုးမှု အသာစီးရနေပြီး စီးပွားရေးအနေနဲ့လည်း တိုးချဲ့လုပ်ငန်းတွေ အများကြီး ပိုင်ဆိုင်ထား၏။White Dragons တွေ အနေနဲ့ စီးပွားရေးကိုဘဲ အာရုံစိုက်နေပြီး တစ်ခြားဂိုဏ်းတွေနဲ့ ကိစ္စတွေကို ဝင်မပါသလို သူတို့ကို လာထိရင်လည်း အမှုန့်ဖြစ်တဲ့အထိ အစွမ်းပြလေ့ရှိ၏။ပြောင်းလဲမှုတွေ များစွာဖြစ်သွားပေမယ့် မပြောင်းလဲတာကတော့ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာပါဘဲ။

"Vachirawit... ကော်ဖီ..."

"ငယ်ရယ် နားပါဦးကွာ...ကိုယ့်နား ကပ်ဖို့လည်း စဥ်းစားပါအုံး..."

"ညကျရင်..."

"တကယ်လား...."

"ဘာလဲ...ညကျရင် ကပ်မယ်လို့ ပြောတာ..."

"ကိုယ်လည်း အဲ့ဒါဘဲ ပြောတာလေ..."

"သွားပါ ကော်ဖီ သွားဖျော်..."

နှစ်တွေ ကြာတဲ့အထိ ဂိုဏ်းချုပ်လေးဟာ Vachirawit ရဲ့ ကော်ဖီကိုမှ စွဲစွဲလမ်းလမ်း သောက်နေတုန်းပါဘဲ...အိပ်ချင်လာတာဘဲ ဖြစ်ဖြစ်...အရမ်းပင်ပန်းလာတာဘဲ ဖြစ်ဖြစ်...အဓိက အဲ့လိုအချိန်တွေမှာပေါ့...။

Always With You (Completed)Where stories live. Discover now