AWY-21

800 46 16
                                    

"အား...ကျွတ်...ကျွတ်..ခေါင်းကိုက်လိုက်တာ..."

အိပ်ယာကနိုးလာထဲက ခေါင်းကို တူနဲ့ ထုထားသလို ခံစားနေရ၏။မနေ့က သောက်ခဲ့တဲ့ အရှိန်ကြောင့် သူခေါင်းတွေကိုက်နေတာ ဖြစ်မည်။ခေါင်းကို ဖိကိုင်ကာ အိပ်ယာမှ တစ်ဖြေးဖြေးထရင်း သူမနေ့က ဘာတွေ ဖြစ်ခဲ့လဲ အသည်းအသန် ပြန်စဥ်းစားနေမိ၏။ပြန်စဥ်းစားရင်းမှ ရောက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်မိတော့ ဖြူလွှလွှ အခန်းတစ်ခုထဲကို ရောက်နေတာ ဖြစ်ပြီး အခန်းလေးက နေချင့်စဖွယ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး ဖြစ်၏။အခန်းကို လှည့်ပတ်ကြည့်ရင်း အတွေးတွေကလည်း
ဂယောက်ဂယက်။

"Shittt မနေ့က Metawin ငါ့ကို လာကြိုတာလား..."

"တကယ်ကြီး ထင်တယ်..."

အား...ရှက်လိုက်တာ...သူ...ညက.. Metawin အတုကြီးဆိုပြီး သောင်းကျန်းနေသေးတာ...။ဒါပေမယ့် သူ့ဂိုဏ်းချုပ်လေးက အခုထိ ဘယ်မှာမှန်း မသိသေး။

"အား...Bright Vachirawit..."

ကိုယ့်ခေါင်းကိုယ် လက်ဖြင့် ထုနေရင်း အပြစ်တင်နေမိ၏။ထိုစဥ် တံခါးခေါက်သံနဲ့အတူ သူ့ရဲ့ဂိုဏ်းချုပ်လေး ရောက်ရှိလာ၏။

"နိုးလာပြီလား...Vachirawit..."

နှစ်လိုဖွယ်အပြုံး...နှစ်လိုဖွယ်အသံတွေနဲ့ အတူရောက်လာတဲ့ သူ့ရဲ့ငယ်...သူချစ်နေရတဲ့ငယ်...။

"ခေါင်းကိုက်နေလား..."

"အင်း..."

"ဘာလို့ အများကြီးသောက်လဲ...နောက်ခါသောက်ရင် အသေသတ်မှာ...မင်းကိုယ်ကြီး မနည်းဆွဲတင်ရတယ်..."

တစ်ခြားသူတွေ ခိုင်းလိုက်ပါ့လားလို့ သူမပြောရက်ပါဘူး..ဘာလို့ဆို...ဂိုဏ်းချုပ်လေးဟာ သူနဲ့ ပတ်သက်လာရင် အများကြီး တွန့်တိုတာ သူသိတာပေါ့...တစ်ခြားသူတွေကို သူ့ခန္ဓာကိုယ်အား ထိတွေ့ခွင့်ပြုမှာ မဟုတ်။

"ကိုယ့်ကြောင့် အိပ်ရေးပျက်သွားလား..."

"မင်းမှ ပြန်မလာသေးတာကို ဘယ်လို သွားအိပ်မလဲ..."

"အင်း ကိုယ်လည်း နည်းနည်း..."

"ရော့ သံပုရာရည်..သောက်လိုက်..."

Always With You (Completed)Where stories live. Discover now