AWY-31

777 45 4
                                    

"ဒီအချိန်က ဒီလိုနေလို့မရဘူးနော် Bright..."

ပြန်ရောက်ထဲက ဒဏ်ရာတွေဆေးထည့်ပေးပြီးထဲက ဆေးလိပ်ကို တစ်လိပ်ပြီး တစ်လိပ်သောက်နေတာ...ဆေးလိပ်သောက်နေတာ စောက်ရမ်းကြည့်ကောင်းတယ်ဆိုပေမယ့် သောက်လေ့မရှိဘဲ သောက်နေတဲ့သူကြောင့် သူတို့မှာ တားရတော့၏။တိုက်ရိုက်ကြီး မသောက်နဲ့လို့ သွားပြောလို့မှ မရဘဲကိုး...။

"ဟုတ်တယ် ငါတို့ mission မြန်မြန်ပြီးမှ ဂိုဏ်းချုပ်ကို ပြန်ခေါ်နိုင်မှာ..."

တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းနှစ်သိမ့်နေလည်း ငယ့်ကို တွေ့ချင်စိတ်က ဖျောက်လို့မရ...။ကြားလိုက်ရတဲ့ သတင်းက ပြောစကားနားမထောင်လို့ ငယ့်ကို အချုပ်ထဲ ထည့်ထားတယ်တဲ့...ဖြစ်နိုင်ရင် Crown ကို ချေမှုန်းပြီး ပြန်တောင်ခေါ်လာချင်ပြီ...Crown ကနေစလိုက်ရင် ပြဿနာတွေက မီးခိုးကြွက်လျှောက်ဖြစ်ပြီး ထိန်းမရသိမ်းမရ ဖြစ်ကုန်မှာ...အစီအစဥ်အတိုင်း မာဆာယာကို ဖြိုလှဲဖို့ အရင်လုပ်မှ ရမည်။

"သူ့အဖေနဲ့ သူ့သား သေအောင်တော့ မလုပ်ပါဘူးကွာ...အဲ့လိုဘဲ ဖြည့်တွေးလိုက်ပါ..."

"ဟုတ်တယ် Bright အကြောင်းကိစ္စတစ်ခုခုရှိရင် ငါတို့သိရမှာပါ..."

အစည်းအဝေးခန်းထဲ ကြက်ကြီးလည်လိမ်ထားသလို မျက်နှာနှင့် Bright ကို သူတို့ဝိုင်းနှစ်သိမ့်နေကြတာ ဖြစ်၏။

"ငယ်ကကွာ...."

မချိတင်ကဲရေရွတ်မိပြန်၏။သူ့ဂိုဏ်းချုပ်လေးက သူ့ကို ဘယ်လောက်ထိ ချစ်သလဲဆိုတာ သိလိုက်ရလို့ ဝမ်းသာကြည်နူးမိပေမယ့် ဒီလိုအခြေအနေကြီးကိုတော့ သူတကယ်မလိုချင်။သူထွက်သွား​တုန်းက ငယ် ဘယ်လိုခံစားနေရလည်းဆိုတာ ကိုယ်ချင်းစာတတ်လာသလိုလို...။ကိုယ်တောင်းပန်ပါတယ် ငယ်ရယ်...မထိခိုက်အောင် ကာကွယ်ပါ့မယ်လို့ပြောထားပြီး အမြဲတမ်း ငယ်ကဘဲ ကာကွယ်ပေးနေရတာ...။သူကတကယ့်ကို အဖြစ်မရှိတဲ့ကောင်...ကိုယ့်ချစ်သူကိုတောင် ကာကွယ်မပေးနိုင်တဲ့ကောင်...။

"Bright...မင်းဘာတွေ တွေးနေလည်း ငါသိတယ်နော်...အဲ့အတွေးတွေကို ဖယ်ထုတ်ပြီး လက်ရှိကို အာရုံစိုက်စမ်းပါ...ငါတို့အကုန်လုံး မင်းအမိန့်ကို စောင့်နေတယ်..."

Always With You (Completed)Where stories live. Discover now