AWY-23

722 48 4
                                    

ခရီးရောက်မဆိုက် ကြားလိုက်ရတာတွေက စိတ်ကုန်စရာ...
သူတို့ရောက်တာနဲ့ အရက်ဂိုဒေါင်ကို ဝင်မွှေသွားတဲ့အကြောင်း၊ ပစ္စည်းတွေ ပါသွားကြောင်း၊ ဒုအဖွဲ့ခေါင်း ဆောင်တွေ ဒဏ်ရာ ရကုန်ကြောင်း၊ ဒုဂိုဏ်းချုပ်ကို The Ghost က လူတွေလာပြီး ခြိမ်းခြောက်သွားကြောင်း စသည်ဖြင့် Mike တို့ Foei တို့က တင်ပြလာကြ၏။

"အခုဘာလုပ်ဖို့ စဥ်းစားထားကြလဲ..."

"ငါတို့ ပါလာတဲ့ ရဲကို သွားတွေ့မို့..."

"နေဦး...မင်းတို့ ဂိုဏ်းချုပ် ပင်ပန်းနေလို့ ငါသွားသိပ်လိုက်အုံးမယ်...ပြီးမှ ဆက်ပြောမယ်..."

"ရတယ်..Vachirawit ငါ့ကို ကော်ဖီလေးဘဲ ဖျော်ပေး...ဒီကောင်တွေ နောက်ခါ ထပ်မထိရဲအောင် ငါတို့ခိုင်ခိုင်မာမာ လုပ်မှ ရမယ်..."

ကော်ဖီဆိုတာကြောင့် သူကိုယ်တိုင်ဘဲ ထဖျော်ပေးဖို့ လုပ်ရ၏။ သူ့ငယ်က ကော်ဖီတော်ရုံမသောက်တတ်။သောက်ရင်လည်း သူဖျော်ပေးတာမှ သောက်တတ်တာကြောင့်...။

"ဂိုဏ်းချုပ်က ဘယ်လိုလုပ်ဖို့ စဥ်းစားထားလို့လဲ..."

"အရေးကြီးဆုံးလူကို ချုပ်ကိုင်နိုင်ဖို့ဘဲ...Mike ငါတို့ကိုယ်တိုင် ထုတ်တဲ့ special အရက်တွေ အသင့်ပြင်ထားလိုက်...ပြီးတော့ Gun Smile အဖွဲ့တွေ အားလုံးကို ခေါ်ပြီး Bangkok မှာရှိတဲ့ ရဲစခန်းတိုင်းကို ဖောက်ခွဲဖို့ အသင့်ပြင်ထားလိုက်...ငါ့ဘက်က အမိန့်ပေးတာနဲ့ ဖောက်ခွဲပစ်...ပြီးတော့ Foei နဲ့ Dew က ဂိုဏ်းသားတွေ ခေါ်ပြီး Crown ရဲ့ ဂိုဒေါင်နဲ့ The Ghost ရဲ့ ဂိုဒေါင်မှာ သွားစောင့်နေ Top Tap က လမ်းကြောင်းရှင်းပေး...Nani မင်းက ခုနက ပါလာတဲ့ မှုခင်းအရာရှိဆီ သွားဖို့ ပြင်ထားလိုက်...အားလုံး ငါ့ညွှန်ကြားချက်အတိုင်း လိုက်နာပေး..ပြီးတော့ ငါ့ကို ယုံပေး..."

"ဒီမှာ ငယ်..အဲ့..ဂိုဏ်းချုပ်..."

"Vachirawit က ငါနဲ့ လိုက်ခဲ့ပေး...ပြီးတော့ ငါ့ဆီက ဆက်သွယ်တာကို စောင့်ကြ ငါ့အမိန့်မရဘဲ ဘာမှ မလုပ်ကြနဲ့... White Dragons ကို ထိရင် ဘာဖြစ်တတ်လဲ ပြလိုက်ကြရအောင်..."

"White Dragons...White Dragons...."

"ပြီးသွားမှ အောင်ပွဲခံဖို့ အသံတွေ ချန်ထားကြ....အခုတော့ ကိုယ့်လက်ထဲက သေနတ်ထဲ ကျည်အပြည့်ဖြစ်နေပါစေ..."

Always With You (Completed)Where stories live. Discover now