AWY-25

779 55 15
                                    

Always With You (25)

"သတင်းပို့ပါတယ် ဂိုဏ်းချုပ်..."

ဂိုဏ်းသားတစ်ယောက်ရဲ့ အသံကြောင့် အစည်းအဝေးခန်းထဲက ခုံပေါ်မှာ မှောက်နေရာက ချက်ချင်းထရင်း နားစွင့်ကာ လှမ်းမေးလိုက်မိ၏။

"ပြော..."

"ဂိုဏ်းရဲ့ မလှမ်းမကန်းက ချုံပုတ်ထဲမှာ ဒုဂိုဏ်းချုပ်ရဲ့ ဆိုင်ကယ်ကို တွေ့ပါတယ်..."

"လူရော..."

အရင်မေးမိတာ လူကို....လူကိုဘဲ တွေ့ချင်နေတာမို့...။

"ဗျာ....ဟို လူတော့ မတွေ့ပါဘူး..."

"လိုက်ပြ တွေ့တဲ့နေရာကို..."

Mask မတပ်ထားရင် သဝန်တိုတတ်တဲ့ သူမို့ မတော်တဆများတွေ့ခဲ့ရင် ဆိုတဲ့ အသိနဲ့ Mask တပ်ပြီး မျက်နှာကို ဖုံးကွယ်ဖို့လည်း သူမမေ့... ငယ်လိမ္မာတယ် မှတ်လား..ဟင်....။ ဘန်ကောက်တစ်မြို့လုံးအပြင် အနီးနားက မြို့တွေပါ အကုန်လိုက်ရှာပြီးပြီ...အခုထိလည်း ရှာနေဆဲဘဲ အချစ်ရယ်...။

ဂိုဏ်းချုပ်ရဲ့ ပုံစံက အထိမခံတော့တဲ့ ပန်းပွင့်လေးနှယ် နွမ်းလျစွာ...ဒုဂိုဏ်းချုပ် မရှိတော့မှ ဂိုဏ်းချုပ်ရဲ့ မေတ္တာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့ သူတွေမို့ အပြစ်လည်း မဆိုလို...။အရာရာတိုင်းကို သတိကြီးကြီးနဲ့ ဆက်ဆံနေပြီး တစ်ချိန်လုံး တစ်စုံတစ်ခုကို ရှာနေသလို မျက်လုံးတွေက ဂဏာမငြိမ်... နားခိုင်းလို့လည်း မရ... စားခိုင်းလို့လည်း မရ...။ဒုဂိုဏ်းချုပ်ကဘဲ အပုန်းကောင်းနေသလား...ရှာတဲ့သူတွေကဘဲ ညံ့နေသလား...မပြောတတ်တော့။ပြန်မတွေ့မချင်း မနားရဘူးလို့ အမိန့်ပေးထားတာကြောင့် ဂိုဏ်းချုပ်မသိအောင် လူလဲပြီး အချိန်ပြည့် လိုက်ရှာပေးနေကြ၏။ဂိုဏ်းချုပ်ကို သနားလှပြီမို့ သူတို့လည်း အမြန်ဆုံး ဒုဂိုဏ်းချုပ်ကို ပြန်ရှာတွေ့စေချင်တာ တကယ့်စိတ်ရင်းစေတနာ...။

ဂိုဏ်းသားတွေ လိုက်ပြတဲ့နေရာ ရောက်တော့ သူကိုယ်တိုင် ဝယ်ပေးထားခဲ့တဲ့ ဆိုင်ကယ်ကို ချုံပုတ်ထဲ ထည့်ထားတာ..။ငိုချချင်တဲ့ စိတ်..ပြိုလဲချင်တဲ့စိတ်က ထိန်းမရတော့တာကြောင့် ဆိုင်ကယ်နားကိုဘဲ အပြေးအလွှားသွားရင်း ကို့ရဲ့ အငွေ့အသက်လေး ရလိုရငြါး လိုက်ရှာမိ၏။တကယ့်ကိုတမ်းတမ်းတတ ယုယုယယ ပုံစံက မြင်တဲ့သူတိုင်းကို မျက်ရည်ဝိုင်းစေ၏။

Always With You (Completed)Where stories live. Discover now