AWY-12

711 52 6
                                    

လမ်းကြောင်းတစ်လျှောက် အဆင်ပြေချောမွေ့နေ၍ တော်သေး၏။ပွဲစားတို့အဖွဲ့ကို သွားကြိုပြီး အဖွဲ့ (4)ကို လူခွဲ၍ လုံခြုံရေး ယူစေလိုက်၏။လက်နက်တွေ အပြည့်တင်လာတဲ့ အလုံပိတ်ကားနှစ်စီးရယ် ဂိုဏ်းသားတွေရော ခေါင်းဆောင်တွေရော ပါလာတဲ့ ကားနှစ်စီးရယ်ဟာ ချိန်းဆိုထားတဲ့ နေရာကို တရွေ့ရွေ့ ထွက်ခွာလာ၏။အတတ်နိုင်ဆုံး လမ်းကြောင်း ရှင်းထားတာမို့ အတားအဆီးကိုတော့ ကြီးကြီးမားမားမရှိ။ချိန်းဆိုထားတဲ့နေရာက BKK ကနေ မိုင်(100) လောက်ကွာတဲ့ တောအုပ်ထဲမှာ။ပွဲစားကတော့ ပြောရှာတယ် ဒီလောကထဲမှာ ကျင်လည်တာ ကြာပြီဆိုရင် မြို့ထဲမှာတောင် မလဲအလှယ်လုပ်လို့ရတယ်တဲ့လေ...။Bright ကတော့ Nani ကို မျက်စိလျင်လျင်ထားဖို့ဘဲ သတိပေးထားလိုက်၏။သူကတော့ သူဂိုဏ်းချုပ်လေးကို အရိပ်တကြည့်ကြည့်။ စိတ်ထဲမှာ ထင့်နေတာတွေ ဘာမှမဖြစ်လာဖို့ဘဲ တွေးနေမိ၏။

"ဆာဝါဒီခပ်..."

"ဆာဝါဒီခပ်.... "

"မှာထားတဲ့ စာရင်းအတိုင်းဘဲ မှတ်လား..."

"Kha...စစ်ကြည့်ပါအုံး..."

"ဟေ့...တံခါးဖွင့်ပြီး စစ်ပေးလိုက်အုံး..."

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

ဝယ်လက်နဲ့ တွေ့ပြီမို့ ပစ္စည်းတွေ စစ်ပေးရင်း သူတို့ပြန်ပေးတဲ့ ငွေတွေကိုလည်း စစ်ခိုင်းလိုက်၏။ဝယ်လက်ကလည်း နောက်အခေါက်ကျရင် တစ်ခြါးသူတွေနဲ့ပါ ချိတ်ပေးမယ့်အကြောင်း လက်နက်အသစ်အဆန်းတွေပါရင်လည်း အကြောင်းကြားပေးပါဆိုတဲ့အကြောင်း၊ ဂိုဏ်းလည်း ပိုပြီး ကြီးထွားလာပါစေလို့ ဆုတောင်းပေးပြီး ပြန်သွား၏။ချောချောမွေ့မွေ့နဲ့ ဝယ်လက်ရဲ့ လက်ထဲရောက်သွားပြီမို့ ပြန်ရန် ပြင်ဆင်ကြ၏။ရုတ်တရက်ထွက်လာတဲ့ အသံ

"ဂိုဏ်းချုပ်ကို ကာကွယ်..."

သတိပေးသံနဲ့အတူ ထွက်ပေါ်လာတဲ့ သေနတ်သံတွေ..။

"Shittt...ဘာတွေတုန်းဟ...."

Bright က Win ကို သူ့ဘက်ကို ဆွဲယူရင်း ကားနောက်မှာ နေရာ ယူထားလိုက်၏။အဖွဲ့(4)က ပိုက်ဆံတွေ တင်ထားတဲ့ ကားနားမှာမို့ 4 တွေကို ဖိတိုက်နေပုံရ၏။

Always With You (Completed)Dove le storie prendono vita. Scoprilo ora