AWY-5

766 37 3
                                    

ဒီနေ့က အပျော်ဆုံးနေ့လို့တောင် သတ်မှတ်လို့ရ၏။ ဘာလို့ဆို ကျောင်းပိတ်ရက်မို့ အိမ်ထိန်းအဒေါ်ကြီးက Bright ကို ဂျူဒို၊ကာရာတေးနဲ့ လက်ဝှေ့သင်တန်းတွေကို လိုက်အပ် ပေး၏။အမေတစ်ယောက်မဟုတ်ပေမယ့် အမေတစ်ယောက် လုပ်ရမယ့်အရာတွေကို လုပ်ပေးရှာ၏။

"သင်တန်းတွေအများကြီးဆို ပိုက်ဆံအများကြီးလိုမှာပေါ့ ဒေါ်ကြီး အဖေက ပေးပါ့မလား..."

"ပိုက်ဆံကိစ္စအတွက် မပူပါနဲ့ သားရဲ့...ဘာမှမတွေးနဲ့...သား သင်ချင်တာကိုဘဲ ကြိုးစားသင်..."

"ဟုတ်ကဲ့ ဒေါ်ကြီး..ကျေးဇူးတင်ပါတယ်..."

"ရပါတယ်ရှင်..ဒေါ်ကြီး သိပါတယ် သား စာအုပ်ထဲကနေ ကြည့်ပြီး လေ့ကျင့်နေရတာကို..ဒေါ်ကြီး နည်းနည်း နောက်ကျသွားတယ်ကွယ်..."

"ဟာ..မဟုတ်တာ ကျွန်တော်ကို အခုလို လုပ်ပေးတာနဲ့တင် ကျေးဇူးတွေများနေပါပြီ..."

"အေးပါ..သားရယ်..."

"ဒေါ်ကြီး..."

"ပြောလေ..သား..."

"ကျွန်တော်ကြီးလာရင် ဒေါ်ကြီးကို ကောင်းကောင်းမွန်မွန် ထားပြီး ကျေးဇူးဆပ်မှာ..."

"ဟုတ်ပါပြီ သားရယ်..."

ကောင်လေးရဲ့ စိတ်အားထက်သန်မှုကြောင့် တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေ။ဘာကြောင့် သင်ချင်တာလည်း မမေးမိ။အမှန်တော့ ကျေးဇူးတင်သင့်တာ ဒေါ်ကြီးကို မဟုတ်ဘူး..သား...သားရဲ့ အမေကိုပါ...ဆိုတာကိုတော့ သူမပြောမိတော့။ အမှန်ဆို သူမ Bright. အတွက် သင်တန်းတွေ ကြိတ်ရှာပေးနေတာကို Bright အမေက သိသွားပြီး လုပ်ခွင့်ပေးခဲ့တာ..လိုအပ်တာ လုပ်ပေးလိုက်ဆိုပြီပိုက်ဆံပါထုတ်ပေးခဲ့သေးတာ  ။Bright က သူ့အမေနဲ့ စကားသိပ်မပြောတဲ့သူမို့ သူပြောပြရင် ကောင်လေး စိတ်ထဲ တစ်မျိုး ဖြစ်သွားမှာ စိုးတာကြောင့် မပြောပြဖြစ်တော့။

"ဒေါ်ကြီး ပြန်နှင့်တော့နော် Bus ကား လာနေပြီ.. ကျွန်တော် သွားစရာရှိသေးလို့..."

"အင်း ဂရုစိုက်အုံးနော် သား..."

"ဟုတ်ကဲ့ ဒေါ်ကြီး.."

Bright က သူ့ကို အထွန့်တက်တာ မကြိုက်တဲ့သူမို့ ဘာမှမမေးဘဲ နှုတ်ဆက်ကာ ပြန်သွား၏။Bright လည်း သူသွားကြည့်ချင်နေတဲ့ နေရာတစ်ခုကို အပြေးအလွှား..။ရောက်ပါပြီ ဆိုင်ကယ်မျိုးစုံ ပြသထားတဲ့ showroom ကို။မှန်နံရံတွေနဲ့ ကာထားတာကြောင့် showroom ထဲက ဆိုင်ကယ်တွေကို အတိုင်းသား မြင်နေရ၏။အသက်မပြည့်သေးပေမယ့် သူတို့အရွယ်တွေက ဆိုင်ကယ်တက်စီးလို့ ရနေတဲ့ အနေအထား။ သူ့မှာ ဒီနေရာကို ခဏခဏလာပြီး လာငေးရတာ အမော။ သူလာနေကျကို ဟိုသုံးကောင်တောင် မသိချေ။ showroom မှာက Yamaha, Honda CBR1000, Honda CB 150/CB 1300, Kawasaki ZX10r, Z800, Kawasaki NINJA H2နှင့် H2R များအပြင် တခြား Model များ မိန်းကလေးစီး ဘီးများကို အမျိုးအစား စုံလင်စွာ ပြထားတာကြောင့် သူ့မှာ ငေးရတာ တမေ့တမော ဖြစ်သည်။ထိုထဲကမှ Bright က Kawasaki NINJA H2 ကို ပိုပြီး မျက်စိကျနေတာ ဖြစ်သည်။ ဆိုင်ကယ်အကြောင်းတွေကို လက်လှမ်းမှီသလောက် လေ့လာခဲ့ပြီး အဲ့ထဲကမှ H2 ကို သဘောကျနေတာ ဖြစ်သည်။တစ်နေ့တော့ ငါရော ငါ့သူငယ်ချင်းတွေပါ ဒီဆိုင်ကယ်တွေကို ပိုင်စေရမယ်လို့ ကြုံးဝါးရင်း ပြန်ထွက်လာခဲ့တော့သည်။

Always With You (Completed)Where stories live. Discover now