AWY-9

601 47 4
                                    

ချိန်းပွဲမစခင်နေ့

Bright က အကုန်လုံးကို မှာချင်တဲ့စကားရှိတာကြောင့် Win တို့သုံး​ယောက်ရယ်၊ Mike တို့သုံးယောက်ရယ်ကို သူ့အိမ်ကိုဘဲ လှမ်းခေါ်လိုက်၏။ပထမက အဖေနဲ့ အမေရှိနေသေးပေမယ့် သူငယ်ချင်းတွေ ရောက်လာတော့ အပြင်ထွက်သွား၏ ဒီရက်ပိုင်းတော့ The Ghost အကြောင်း ပြောသံမကြားရ။အဖေနဲ့ အမေနှစ်ယောက်လုံးက The Ghost နဲ့ တစ်နည်းနည်း ပတ်သက်နေမှန်း Bright ရိပ်မိပေမယ့် လူကြီးတွေ ကိစ္စမို့ သူလည်း ဝင်မပြောချင်။သူ ဝင်ပြောလည်း လက်ခံမယ့် မိဘတွေ မဟုတ်တာကြောင့် ဘာမှမပြောဘဲ နေလိုက်တော့တာ ဖြစ်သည်။

"ဟင်း!!! "

"ဘာဖြစ်လို့လဲ Bright ဘာလို့သက်ပြင်းတွေ ချနေတာလဲ.."

"ဘာမှမဖြစ်ဘူး Foei..."

"မင်းစိတ်ပူနေမယ်ဆိုတာ သိတယ်...ငါတို့အတွက်မပူပါနဲ့..."

"အေးကွာ..ဒီနေ့က အကုန်လုံးကို ဂရုစိုက်ဖို့ မှာချင်လို့... ပြီးတော့ ငါ့စကားကို နားထောင်ပေး...မနိုင်နိုင်ရင် ဗျူဟာပြောင်းရအောင်လို့..."

Win တို့ သုံးယောက်လုံး ရောက်နေပေမယ့် ဘာမှဝင်မပြောဘဲ Bright ပြောတဲ့စကားကိုသာ နားထောင်နေကြ၏။Bright က ဂရုစိုက်ဖို့ အထပ်ထပ်မှာရင်း ပြန်လေ့ကျင့်ထားဖို့
ပြောရင်း ပြန်ခိုင်းလိုက်တော့၏။Dew နဲ့ Nani လည်း ပြန်နှင့်ပြီး Win တစ်ယောက်သာ ကျန်နေခဲ့၏။

"Bright..."

"ဟင်..."

"ဒီပွဲမှာ နိုင်ရင် ဘာလုပ်မှာလဲ..."

"ဂိုဏ်းစဖွဲ့မယ်လေ...ပြီးတော့ မင်းက ဂိုဏ်းချုပ်လုပ်...ငါက ဒုဂိုဏ်းချုပ်လည်း ရတယ်..ဟိုကောင်တွေကိုက အဖွဲ့ခွဲပေးမယ်..."

"အင်း...မနက်ဖြန် ဘာဘဲဖြစ်ဖြစ် ဂရုစိုက်ပြီး ငါ့ဆီ အရောက်ပြန်လာမယ်လို့ ကတိပေး..."

"ဟင်..မင်းက ငါ့ကို စိတ်ပူနေလား..."

"လုပ် ကတိပေး...."

"အင်း..မင်းနဲ့အတူ အမြင့်ဆုံးကို လျှောက်လှမ်းဖို့အတွက် သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တောင် အရောက်ပြန်လာခဲ့မှာ..."

သူ ကတိပေးစကားပြောတော့ Win က ပြုံးရုံလေး ပြုံးတယ်..သူ...နဖူးပေါ်ကျနေတဲ့ ဆံပင်စလေးကို ဖယ်ပေးချင်တာ တအားဘဲ..လုပ်ပေးဖို့ လက်ရွယ်လိုက်ပြီးမှ မိနိးကလေးကို ဂရုစိုက်ပေးသလို ဖြစ်နေတာကြောင့် သူ့လက်ကို ပြန်ရုတ်လိုက်ရင်း ကိုယ်ရှိန်သတ်လိုက်ရတယ်...သူ့စိတ်ထဲ Win ကို မိန်းကလေးလို...ကလေးလို ဂရုစိုက်ပေးချင်နေတာသာ သိရင် ထသတ်ခံရမှာ...။

Always With You (Completed)Where stories live. Discover now