AWY-10

703 49 7
                                    

ဂိုဏ်းစဖွဲ့တဲ့နေ့

ဂိုဏ်းစဖွဲ့တဲ့နေ့မှာ Bright က အကုန်လုံးကို ဘောလုံးကွင်းထဲမှာဘဲ လူစုစေလိုက်၏။ဆေးရုံမှာ သုံးရက်လောက် တက်လိုက်ရပေမယ့် Win ကရောက်မလာတဲ့အပြင် Brightရဲ့ မိဘတွေလည်း မရောက်လာ။ Foei တို့နဲ့ ဒေါ်ကြီးကသာ တစ်လှည့်စီ လာစောင့်ပေးကြ၏။ဒေါ်ကြီးကိုတော့ လူမှားပြီး အရိုက်ခံရတာလို့ လိမ်ထားရ၏။

"လူစုံပြီဆို စလိုက်ရအောင်...အခုပြောမယ့် စကားတွေကို သေချာနားထောင်ပါ...မကျေနပ်တာ ရှိရင် ချက်ချင်းပြောပါ..."

"ပထမဦးဆုံး ဂိုဏ်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါမယ်...အပွင့်လင်းဆုံးပြောရရင် အာဏာရှိချင်လို့.. ချမ်းသာချင်တယ်.. နောက်ဆက်တွဲအနေနဲ့ အင်အားကြီးပြီး ဂိုဏ်းလောကထဲမှာ အာဏာရချင်တယ်...ဒါကြောင့် စည်းစည်း လုံးလုံးနဲ့ သစ္စာရှိကြပါ..ဂိုဏ်းသားအချင်းချင်း ဖေးမပါ ကူညီပါ..မကျေနပ်တာ ရှိရင် အဖွဲ့ခေါင်းဆောင်တွေကို ချက်ချင်းပြောပါ...ကိုယ်ကျွမ်းကျင်ရာအပိုင်းဖြစ်မယ့် အဖွဲ့ထဲကို ဝင်ပါ..အရေးကြီးဆုံးအချက်က အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင် ဂရုစိုက်ပါ...ကိုယ်လုပ်ရမယ့်တာဝန်ကို ပြီးဆုံးအောင် လုပ်ပါ...အဖွဲ့ခေါင်းဆောင်တွေရဲ့ စကားကို နားထောင်ပါ...ဂိုဏ်းနာမည်ကို အလွဲသုံးစားလုပ်တာတွေ..ဂိုဏ်းသားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တာတွေဆိုရင် ဂိုဏ်းကနေ ထုတ်ပယ်ပါမယ်...ဂိုဏ်းချုပ်ရဲ့အကြောင်းကို မလိုအပ်ဘဲ မမေးပါနဲ့...ဂိုဏ်းထဲရောက်လာတာနဲ့ တတ်သင့်တတ်ထိုက်တာ အားလုံးကို သင်ပေးမယ်..."

"ဂိုဏ်းချုပ်က ဘယ်သူလဲ..."

"ဂိုဏ်းချုပ်က Win Metawin...ဒုဂိုဏ်းချုပ်က Bright .."

"ဟုတ်ကဲ့..ဒုဂိုဏ်းချုပ်.."

အဖွဲ့ (1) ခေါင်းဆောင်က Nani သူက ဂိုဏ်းချုပ်ရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူပေးရမယ့် အဖွဲ့ ဒါကြောင့် ဂိုဏ်းချုပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မထိခိုက်အောင် စောင့်ရှောက်ပါ...။

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

အဖွဲ့(2) ခေါင်းဆောင်က Dew သူက ဂိုဏ်းသားတွေရဲ့ လုံခြုံရေးနဲ့ ပြဿာနာတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ့် တာဝန်၊ ပြီးတော့ ပြဿာနာပေါ် မူတည်ပြီး အဖွဲ့ခေါင်းဆောင်တွေ အားလုံးတိုင်ပင်ပြီး ဆုံးဖြတ်ပေးမယ်...။

Always With You (Completed)حيث تعيش القصص. اكتشف الآن