AWY-17

752 46 7
                                    

ငယ့်ကို စခန်းက အိပ်ခန်းမှာဘဲ နေရာချပေးပြီး အိပ်ရတာ သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ပေးလိုက်၏။ဘယ်လောက်တောင် ပင်ပန်းသွားလို့ အဲ့လောက်တောင် အိပ်နေရသလဲ မပြောတတ်တော့။နဖူးလေးကို ငြင်ငြင်သာသာလေး တစ်ချက် ဖိကပ်နမ်းပြီး အပြစ်ပေးဖို့ ရှိနေတဲ့ ကောင်တွေဆီ ထွက်လာခဲ့လိုက်၏

"Gun Smile, ဂိုဏ်းချုပ်နဲ့ လိုက်သွားတဲ့ သူတွေရော..."

"အကုန်အပြစ်ပေးအခန်းထဲမှာပါ...."

"ဟိုကောင်တွေကရော သိုလှောင်ခန်းမှာလား..."

"ဟုတ်တယ်...ဒါနဲ့ Nani ကို စောင့်အုံးမလား..."

"ဘာလို့..."

"သူ့အဖွဲ့ထဲက လူတွေဆိုတော့..."

"မစောင့်ဘူး Gun Smile, ဘယ်အဖွဲ့က လူဘဲ ဖြစ်ဖြစ် ဂိုဏ်းချုပ်ကိုတောင် မကာကွယ်နိုင်ရင် အပြစ်ပေးခံရမှာဘဲ...."

"အင်း....Nani က Dew နဲ့ အပြင်ပြန်လိုက်သွားတယ်...Top Tap ကတော့ အချက်အလက်တွေနဲ့ လမ်းကြောင်းတွေ ဆွဲပေးနေတယ်..."

"အဲ့ကလေးကို နားခိုင်းလိုက်တော့..ပြီးတော့ ဆေးရှာပြီး သိုလှောင်ကန်ဘက် လိုက်ခဲ့လိုက်..ငါ အဖွဲ့ 1နဲ့ သွားတွေ့လိုက်အုံးမယ်..."

"Ok..."

Gun Smile ကို မှာစရာရှိတာ မှာပြီး အပြစ်ပေးခန်းဘက် ထွက်လာခဲ့လိုက်သည်။အေးစက်မာကြောနေသော မျက်နာနှင့် တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက ဘယ်လောက်ဒေါသထွက်နေလည်း ဆိုတာကို ညွှန်ပြနေသယောင်...။ဂိုဏ်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြုပြင်ရင်း တံခါးဖွင့်ကာ ဝင်လာတော့ အကုန်လုံး ငြိမ်ငြိမ်လေးတွေ ထိုင်နေကြ၏။

"ထ..တန်းစီ..."

"ပြော...မင်းတို့မှာ အပြစ်ရှိလား မရှိဘူးလား..."

"ရှိပါတယ် ဒုဂိုဏ်းချုပ်...ကြိုက်တဲ့အပြစ်ပေးပါ..."

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှည်ရှည်ဝေးဝေးတွေ မပြောချင်တော့ဘူး...ငါ့ ဘက်က လိုအပ်ချက်တွေလည်းပါတယ်... မင်းတို့သိလား...ဒီတစ်ခေါက် မင်းတို့ဂိုဏ်းချုပ် ကံကောင်းသွားတာ...ဟိုက ချက်ချင်းမသတ်လို့..ဒါပေမယ့်...တောက်..."

Always With You (Completed)Wo Geschichten leben. Entdecke jetzt