_1_

1.3K 53 25
                                    

"ဘာ!သျှင်ဦးယာကို ဇံကသတ်လိုက်တယ်ပေါ့လေ!ဒီခွေး...! သျှင်ဦးယာကမင်းကိုချစ်လို့ ယူခဲ့တာလေကွ!သနားစရာကောင်းလိုက်တဲ့ ဘချိုလေး"

စစ်ခွန်းတစ်ယောက် ဒေါသထွက်စွာဖြင့် သူဖတ်နေတဲ့ ဝတ္ထုအောက်မှာ Commet မန့်ဖို့ပြင်သည်။

@စစ်သခင်လေးက ဝတ္ထုတွေဖတ်ပြီး ဇာတ်လိုက်(Gong)ဖြစ်ဖို့ ကြိုးစားနေသည် - သူတောင်းစား စာရေးဆရာ ၊ ဒီနေ့ငါမင်းကို မဆဲရရင် အိပ်ပျော်မှာမဟုတ်တော့ဘူး ၊ ငါ့ရဲ့ဗီလိန်လေးကို မင်းမို့လို့ ပေးသေရတယ်ပေါ့လေ!

ဒီတိုင်း မပေးသေပဲ ဇာတ်လိုက်(shou)ကို အဝေးတစ်နေရာကနေ ဆက်ချစ် ဘာညာ အဲဒီလိုမျိုးလေး ရေးလိုက်ပေါ့ သူတောင်းစားကောင်ရဲ့! မင်းရဲ့စီးပွားရေး ကျဆင်းပါစေ ၊ အရွယ်ရောက်မြန်ပြီးတော့ အအိုမြန်ပါစေ စာရေးဆရာ ၊ လင်ရော မယားရောမရပါစေနဲ့!

ထိုစဥ် သူ့ရဲ့Commetအောက်မှာရောက်လာတဲ့ စာရေးသူရဲ့ဘက်တော်သားReplayများ အများအပြား

@ဒုလန်သခင်လေးရဲ့ နဖူးစီးကြိုးလေးအဖြစ် လန်သခင်လေးရဲ့ Liveကိုကြည့်နေပါတယ် - ဟဲ့ နင်တတ်ရင် နင်ရေးလေ! ငါ့အချစ်လေးကို စော်ကားစရာအကြောင်းမရှိဘူးနော်!

@ပင်းဟယ်ရဲ့ နဖူးကအမှတ်လေး - တစ်ချို့တလေးများနော် ကိုယ်မျက်ချေးကို ကိုယ်မမြင်ဘဲ သူများမျက်ချေးကိုပဲ မြင်ကြတယ်

@စစ်သခင်လေးက ဝတ္ထုတွေဖတ်ပြီး ဇာတ်လိုက်(Gong)ဖြစ်ဖို့ ကြိုးစားနေသည် Reply to @ပင်းဟယ်ရဲ့ နဖူးကအမှတ်လေး - အမယ် မင်းရော မြင်လို့လား?မှန်ကြည့်မှမြင်တဲ့ဟာကများ

@တော်တန်တိတ် အဟိတ်တိရိစ္ဆာန်တွေ - နင်တို့ရန်ဖြစ်ချင် အပြင်မှာဖြစ်ကြပါအေ ၊ ငါ့အချစ်လေးရဲ့ ဝတ္ထုကိုညစ်ညမ်းမယ့် ဟာမျိုးတော့လာမလုပ်နဲ့၊ သူ့ရဲ့ဗီလိန်က နဂိုကတည်းကနေသေသင့်တာ ၊ သူများချစ်ခြင်းကိုခွဲတဲ့ကောင်!

@ထန်းစန်းရဲ့အသားက တကယ်နုပျိုစေလား? - အံ့ပါအေ ညဥ်းတို့တွေရယ်

@ထန်းစန်း အနောက်ဘက်ကို ကျမ်းစာသွားယူတာ ဥရောပစကားတွေ တတ်လာမှာပေါ့နော် - ဗီလိန်လေးက ဘယ်လိုချစ်ပေးရမလဲမသိတာပါ ၊ အဲဒီလောက်ကြီးတော့ မပြောသင့်ပါဘူး

What The Fucking Hell?!Where stories live. Discover now