_3_

446 43 21
                                    

' ကယ် ကယ် ထားပါ ၊ အခုဇာတ်ကြောင်းက ဘယ်နားရောက်နေပြီးလဲ? '

[ လူကြီးမင်းက ဇာတ်လိုက်မ(shou)နဲ့ မစေ့စပ်ပေးလို့ ထန်းရည်သောက်ပြီး အ​မေ​​ဖြစ်သူကို ဆန္ဒပြနေတဲ့ အချိန်ပါ ]

' ဟူး..တော်သေးတာပေါ့ ၊ ဇာတ်လိုက်(Gong)က ဇာတ်လိုက်မ(Shou)ရဲ့ မွေးစားအစ်ကိုမဟုတ်လား? '
စစ်ခွန်း သူ့ရဲ့ရင်ဘက်ကိုဖိကာ သက်ပြင်းချ၍ ဆိုမိသည်။

[ ဟုတ်ပါတယ်ခင်ဗျ ]

' ဟူး.. တော်သေး တော်သေး '

[ ....... ]

Systemကတော့ ရင်ဘက်ကိုဖိလိုက် သက်ပြင်းချလိုက် ဖြစ်နေသော Hostကိုကြည့်ကာ သူပါ သက်ပြင်းချချင်လာသလို။

ခက်တာကသူကRobot System တစ်ခုဖြစ်နေတာပဲ။

စစ်ခွန်း၏ မြန်ဆန်နေတဲ့ နှလုံးခုန်နှုန်းများသည် မီးကိုရေဖြင့် လောင်းချလိုက်သလိုမျိုး ရှဲခနဲနဲ့ ​မည်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရတော့သည်။

[ လူကြီးမင်းထပြီး သေချာ ဖီးလိမ်းပြင်ဆင်သင့်ပါပြီး။

ခဏနေရင် လူကြီးမင်းရဲ့အမေက  ဇာတ်လိုက်မ(shou)နဲ့ စေ့စပ်လမ်းကြောင်း ကမ်းလှမ်းဖို့အတွက် ခေါ်သွားမှာပါ။ ]

' အော် အေး အေး '

စစ်ခွန်းတစ်ချက်ထရပ်လိုက်သည့်နှင့် စည်းချက်အတိုင်း ကခုန်သွားသည့် ဆံနွယ်များ။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖြာခနဲနဲ့ အရှေ့ကို ကျလာတတ်သည့် ဆံနွယ်များ။

  A few moment later..

' Systemရေ ကူပါဦး ၊ သျှောင်ထုံးက ဘယ်လိုထုံးရမှာလဲ!?။

ဒီကိုယ့်ရဲ့ဆံပင်တွေက ကျောက်ချောလိုပဲ။

နူးအိပြီးတော့ ထုံးလိုက်တိုင်း ​ပြန်​ပြီး​လျှော,လျှောကျသွားတာ။

ဒီကောင် ဘာပေါင်းဆေးတွေ သုံးထားလဲမသိဘူး။ ကူပါဦး! '

[ လူကြီးမင်းရယ်..ကျွန်တော်က အကောင်အထည်မရှိတဲ့ စနစ်တစ်ခုလေဗျာ။

လူကြီးမင်းရဲ့ဆံပင်တွေကို ဘယ်လိုထုံးပေးရမှာလဲဗျ? ]

' သုံးစားမရလိုက်တာ။

What The Fucking Hell?!Where stories live. Discover now