_2_

617 46 124
                                    

ငုံးမ ငုံးထီး စောက်ကောင်းကျိုးမပေးတဲ့ စာရေးဆရာရေးတဲ့ "You & I,We are together and we stay still forever,I still loving...With you.." ဆိုတဲ့ ဝတ္တုထဲ ကူးပြောင်းလာတယ်ပေါ့လေ!?။

အဲ့ဒါက ထားပါ ၊ ငါက ဘာလို့ 'သျှင်ဦးယာ' ဆိုတဲ့ဇာတ်ပို့ဇာတ်ကောင်ရဲ့ကိုယ်ထဲ ကူးပြောင်းလာရတာလဲကွ!?။

Fuck! Fuck! Fuck! အားး!!

စစ်ခွန်းယံတစ်ယောက် လှအိပ်နေရာကနေ ထထိုင်ကာ ဒေါသထွက်စွာဖြင့် ကြမ်းပြင်းကို ထုမိသည်။

ထိုစဥ် သူ့ပုခုံးပေါ်ကျလာတဲ့ ဖြောင်စင်းနေတဲ့ အနက်ရောင် ဆံနွယ်များ။

' ဒီအမျိုးကောင်းသား သျှင်ဦးယာတစ်ကောင်တော့!ဆံပင်ကို ဘိုကေမညှပ်ပဲ အရှည်တိုင်းထားတာဆိုလို့ ဝတ္ထုထဲမှာ မင်းပဲရှိတယ်ကွ!မိနိးကလေးတွေက ချွင်းချက်ပေါ့ '

မူလဇာတ်ကောင်သည် မြန်မာ့ယဥ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် ဆံပင်အား အရှည်ထားတာခြင်းဖြစ်သည်။

ဗီလိန်Teamကလူတိုင်းသည် မူလဇာတ်ကောင်အား အလှလေးအဖြစ် တင်စားခေါ်ဝေါ်ကြသည်။

အဲ့ထဲတွင်တော့ သူမပါ ။

သူကဗီလိန်ကိုကြိုက်သော်လည်း ဗီလိန်အား အလှလေးအဖြစ် မတင်စားနိုင်ပါ။

ဗီလိန်သည် ဇာတ်လိုက်မ(shou)ကိုတောင်မှ အပိုင်သိမ်းသည်ဆိုတော့ အလှလေးအဖြစ် မမြင်နိုင်။

ဇာတ်လိုက်မ(shou)ကိုသာ အလှလေးအဖြစ် မြင်နိုင်သည်။

ပုရိသအပေါင်းတို့အား မြင်တာနှင့် ကြွေစေမည့် မျက်နှာချွန်ချွန်လေး ၊ နှာခေါင်းလုံးလုံးလေး ၊ မျက်လုံးအောက်ကမှည့်ကလေး ၊ ကြည်လင်နေသည့်အသားအရည် ၊ ၆ပေ၁လက်မခွဲခန့်ရှိသည့် အရပ်။

အိုးး ဇာတ်လိုက်မ(shou)ရဲ့အလှကို တင်စားပြနေရင် ဒီနေ့တစ်နေ့ကုန်သွားနိုင်လောက်သည်။

[ ဒင်း!ပါတနာစနစ် အသက်သွင်းခြင်း စတင်... 100% 97% 54% 5% 0% အသက်ဝင်ခြင်း.. 5 4 3 2 1 Start! ]

' ဟမ်?System? '

စစ်ခွန်းတစ်ယောက် နားထဲ ကြားလိုက်ရသည့် စက်ရုပ်သံကြောင့် ခေတ္တကြောင်အသွားရသည်။

What The Fucking Hell?!Där berättelser lever. Upptäck nu