_12_

136 12 8
                                    

ဇာတ်လိုက်မ (male) - ထွဍ်ခေါင်ဇံ
ဇာတ်လိုက် - လမင်းမာန်
သျှင်ဦးယာ (သို့) စစ်ခွန်းယံ - Villain (or) Host
ရောဘတ်ဟန်သာ - စောင်စတစ်(စစ်စတမ်)ဟုဆိုသူ တစ်နည်း စစ်ခွန်းယံနှင့်အမည်မသိဆက်ဆံရေးရှိခဲ့ဖူးပုံပေါ်သူ

_ _ _ _ _

စစ်ခွန်းယံဟာ ဘယ်သူမှမရှိတော့သည့် အခန်းထဲက ကုတင်ပေါ်မှာထိုင်ရင်း အခန်းပတ်ပတ်လည်ကိုကြည့်ရှု့နေစဥ် သူ့အရှေ့ ဘွားခနဲပေါ်လာသော  စောင်စတစ်ကြောင့် ရှိသမျှဘုရားအကုန်တမိသွားသည်။

ထိုအခြင်းအရာကိုမြင်တဲ့ စောင်စတစ်ကတော့ သူ့အား တောက်ပလွန်းသောအပြုံးတစ်ခုနှင့်တုံ့ပြန်လာသည်။

"မင်း ဘယ်လိုရောက်လာ.."

ခွန်းယံဟာ စောင်စတစ်အားမြင်ပြီး ယောင်သွားကာ အပြင်မှာစကားထုတ်ပြောမလို့လုပ်ရာမှ သတိထားမိသွားကာ အသံတိတ်သွားရင်း စိတ်ထဲကသာ ဆက်သွယ်လိုက်သည်။

'မင်းဘယ်လို‌လုပ်ရောက်လာတာလဲ? ပြီးတော့ မင်းကိုသူများတွေမြင်သွားနိုင်တယ်လေ!'

"စိတ်မပူပါနဲ့ ခွန်းယံ၊ ခင်ဗျားအပြင်မှာထုတ်ပြောလို့ရပါတယ်။ ကျွန်တော်အခန်းကိုအကာအကွယ်ချထားတာမလို့ ဘယ်သူမှကြားရမှာမဟုတ်ဘူး"

"ဟုတ်ပြီ အဲဒါဆိုငါမေးတာဖြေ"

"ပျင်းလို့ရောက်လာတာပါ"
ပြီးတော့ခင်ဗျားကိုတွေ့ချင်လို့...

"ဟ!"

ခွန်းယံဟာစောင်စတစ်၏ ပျင်းလို့ရောက်လာတာပါ ဆိုတဲ့စကားကြောင့် မျက်ဖြူအသာလှန်ပြလိုက်သည်။

"အော် ဒါနဲ့ မင်း.. ဌာနချုပ်နဲ့စကားပြောပြီးပြီလား?"

ခွန်းယံ၏အ‌ပြောကို စောင်စတစ်က ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြလာသည်။ ခွန်းယံဟာ ထိုအခြင်းအရာကိုမြင်တော့ စိတ်လှုပ်ရှားသွားတော့သည်။ သူဒီလူချောစောင်စတစ်လေးအကြောင်း အရမ်းသိချင်နေပြီဖြစ်သည်။

"ကျွန်တော်က တကယ်တော့အသက်ရှိနေတဲ့လူ‌တစ်ယောက်ပဲ၊ သူတို့ဌာနချုပ်ကလူတစ်ယောက်က မှားပြီးတော့ မှတ်ဉာဏ်ဖျက်ပစ်ပြီးစစ်စတမ်အဖြစ် ဦးနှောက်သွင်းလိုက်တာ"

What The Fucking Hell?!Where stories live. Discover now