_5_

359 44 24
                                    

- တရားသမား နှင့် ဥပုတ်မစောင့်တဲ့ကျား 0 -

"မိထော်ရေ"

"ရှင်.."

"ဒီမှာဧည့်သည်တွေလာတယ်။ရေနွေးကြမ်း ၊ လက်ဖက်ကလေးနဲ့ ဧည့်ခံလှည့်ပါဦး"

"ဟုတ် အရီး"

"ထိုင်ပါရှင် ထိုင်ပါ"

ကျွန်းသားဖြင့်လုပ်ထားသော ထိုင်ခုံတွင်ဝင်ထိုင်ကာ အခုဏကကောင်မလေးဝင်သွားသည့် အပေါက်ဝကို ကြည့်မိသွားသည်။

အဲ့ဒါကိုမြင်တဲ့ သျှင်ဦးယာရဲ့အမေနဲ့ဇာတ်လိုက်မ(Male)ရဲ့အမေက အကြည့်ချင်းဖလှယ်ရင်း ကြိတ်ပြုံးကြတယ်။

သူတို့သားရဲ့ကံကတော့ ကောင်းမဲ့ပုံပါပဲ။

ဇံကလေးက ယောက်ျားရလို့မျိုးဆက်ပြတ်လည်း ဘာဖြစ်လဲ?။ သူမရဲ့သားကြီးမင်းမာန်ရှိသေးတာပဲကို။

သူမ,မသိခဲ့တာက သူမသားတွေ၏ ကံကြမ္မာမှာ စစ်ခွန်း(ခ)သျှင်ဦးယာရဲ့လက်ထဲမှာ ရှိသွားခဲ့သည်ကိုပင်။

' Systemရေ System '

[ Ting!ပြောပါ လူကြီးမင်း ]

' ငါ့စိတ်ကိုသက်သာစေမဲ့ သီချင်းလေးဖွင့်ပေးလို့မရဘူးလားဟင် '

[ ဘာသီချင်းနားထောင်ချင်ပါသလဲ လူကြီးမင်း ]

' အစုံရတယ်မဟုတ်လား? '

[ Downloadဆွဲပေးနိုင်ပါတယ် ]

' Kim Taehyungရဲ့ 'Christmas Tree' လေး '

[ Kim Taehyungရဲ့ 'Christmas Tree' 0% 40% 90% 99% 100% ဖွင့်လိုက်ပါပြီး ]

"သား"

"ဗျာ"

လက်ကိုလာတို့သော အမေ့ရဲ့လက်ကြောင့် လွင့်မြောနေသည့်စိတ်အစုံက ပြန်ကပ်ပါလာသည်။

နားထဲမှာကြားနေရတဲ့ လေတိုးသံလို ခပ်သြသြအသံကလေးကြောင့် ခံစားချက်ကတစ်မျိုးကလေး။

"အပေါက်ဝကြီးကို အဲ့ဒီလောက်ကြီးစိုက်ကြည့်မနေပါနဲ့ကွယ် သားဇံကထွက်လာမှာပါကွဲ့"

ဇာတ်လိုက်မ(male)ရဲ့အမေက ခပ်ရွှင်ရွှင်အပြောကလေးနှင့် သူ့အားလှမ်းစသည်။ အမေကနှုတ်ခမ်းကို လက်နဲ့ကွယ်ရင်းရယ်သည်။

What The Fucking Hell?!Where stories live. Discover now