_8_

346 31 19
                                    

ဇာတ်လိုက်မက ဇာတ်လိုက်ကိုကြည့်ရင်း ရှက်သွေးဖြာဖြာသွားတတ်တာကြောင့် ဇာတ်လိုက်က သူ့ညီငယ်လေး သူ့ကိုချစ်ကြိုက်နေမှန်း သတိထားမိသွားခဲ့သည်။

သူ့ညီသူ့ကို ချစ်နေတဲ့အကြောင်း စဥ်းစားမိလိုက်တာနှင့် ရင်ခုန်သံများက ငလျင်လှုပ်သလိုဖြစ်နေပါသော်လည်း ညီအစ်ကိုဆိုသည့် သွေးသားတော်စပ်မှုကြောင့် ချစ်ပါလျက်နှင့် စည်းခြားကာ နေထိုင်လေသည်။

ထိုလိုအချိန်တွင် ဇာတ်လမ်း၏ ဗီလိန်ဖြစ်သော သျှင်ဦးယာက ပေါ်လာကာ ဇာတ်လိုက်မအား သဘောကျပြီး စတင်ပိုးပန်းဖို့လုပ်သည်။

နဂိုကတည်းက ကိုကိုမှကိုကိုဖြစ်နေသော ထွဋ်ခေါင်ဇံက သျှင်ဦးယာအား လက်မခံဘဲ သူ့အချစ်ဦးတဖြစ်လည်း သူ့အစ်ကိုကိုသာ ဆက်ချစ်နေခဲ့သည်။

ဇာတ်လိုက်မအချစ်ကိုမရတဲ့ ဗီလိန်ကလည်း ဇာတ်လိုက်မ ချစ်တဲ့သူက ဘယ်သူလဲဆိုတာ သိအောင်လုပ်ပြီး ခြိမ်းခြောက်ဖို့ ကြံတော့သည်။ သို့ပေမဲ့ သူချစ်ရသူရဲ့ ချစ်ရသူဟာ ဘယ်သူလဲဆိုတာကို သူမသိခဲ့ရပေ။

ဇာတ်လိုက်က သူ့ရဲ့ညီကို သူ့လိုမဟုတ်ဘဲ ချစ်ပေးနိုင်မဲ့ သျှင်ဦးယာကို သူ့ညီဖြင့် ရင်နာနာနှင့် သဘောတူဖို့ လုပ်တော့သည်။

ဇာတ်လိုက်မက အဲဒါကိုသိတော့ သူ့အစ်ကို အော်ဟစ်ပြီး သူချစ်နေတာသိရဲ့နှင့် ဘာလို့သူ့ကိုတွန်းထုတ်ရလဲဆိုပြီး ပေါက်ကွဲလေတော့သည်။

ဇာတ်လိုက်ကလည်း အမှန်ကို မဖြေဘဲ မင်းနဲ့ငါနဲ့က ညီအစ်ကိုတွေ ငါတို့ကမဖြစ်နိုင်ဘူး ငါလည်းမင်းကို မချစ်ဘူးဆိုပြီး လိမ်ညာကာ ဇာတ်လိုက်မအား ငြင်းဆန်ခဲ့သည်။

ဇာတ်လိုက်မကလည်း ဇာတ်လိုက်ကို စိတ်ခေတ္တနာနေသည့်အချိန် သျှင်​ဦးယာက ရုတ်တရက် အတင်းအကြပ် စေ့စပ်ပွဲတွေကောက်ထလုပ်လေတော့သည်။

အဲဒါကို ဒေါသထွက်နေတဲ့ ဇာတ်လိုက်မက သျှင်ဦးယာအား ပစ်ပစ်နှစ်နှစ်၊ ရက်ရက်စက်စက်နှင်ထုတ်ရင်း စေ့စပ်ပွဲအား လက်မခံဘဲ ဖျက်သိမ်းခဲ့သည်။

သျှင်ဦးယာက ဗီလိန်တွေ၏ သဘောသဘာဝအတိုင်း ဇာတ်လိုက်မမှ ဇာတ်လိုက်မဖြစ်ကာ ရူးမိုက်ပြီး စုံလုံးကန်းသောကြောင့် သူကြီးအားပူဆာကာ ဇာတ်လိုက်မ ဖြစ်သူနှင့် ထပ်မံစေ့စပ်ပေးရန် တောင်းဆိုတော့သည်။

What The Fucking Hell?!Where stories live. Discover now