_13_

160 7 15
                                    

- တရားသမားနှင့် ဥ‌ပုဒ်မစောင့်တဲ့ကျား 2 -

ခွန်းယံဟာ အခန်းထဲမှာ သူ့ရှေ့ကဇာတ်လိုက်ရှို့ကိုကြည့်ရင်း ထိုင်ရနိုး ထရနိုးနှင့် တိုင်ပတ်နေသည်။

"သျှင်ဦးယာ!"

'သေပြီ သေချာတယ် သေပြီ'

"အ.. အင်း..?"

ခွန်းယံက ခပ်တိုးတိုးလေးပြန်ဖြေတော့ ဇာတ်လိုက်ရှို့ဟာ သူ့အနားကိုပိုလို့တိုးကပ်လာတော့သည်။ ဇာတ်လိုက်ရှို့ကပ်လေ သူအနောက်ဆုတ်လေနှင့် နံရံနားကပ်ကာ ပြေးစရာလမ်းမရှိတော့တာကြောင့် ခွန်းယံမျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ရသမျှဘုရားစာ အကုန်ရွတ်တော့သည်။

‌သေတော့မှာလား သေရင်တောင်ကောင်းကောင်းမွန်မွန်ပဲ သေချင်တယ် မာမီ၊ သားမာမီနောက်လိုက်လာရတော့မယ်ထင်တယ်။ ခွန်းယံဟာ တမလွန်ကအမေဖြစ်သူကိုတရင်း အတွေးလွန်နေကာ သူ့အရှေ့မှဇာတ်လိုက်ရှို့မျက်နှာက တဖြည်းဖြည်း တင်းမာလာကာ အကြောများပင်ထောင်တက်လာသည်ကို သတိမထားမိ။

"သျှင်ဦးယာ!!"

ထိုအခါမှ ခွန်းယံဟာ ‌ထိတ်လန့်စွာ ဇာတ်လိုက်ရှို့နှင့်မျက်နှာချင်းဆိုင်လိုက်မိသည်။ ကျားသစ်ပုံစံမျက်ဝန်းတွေပြောင်းလဲနေသော ဇာတ်လိုက်ရှို့ကြောင့် ခွန်းယံမှာ မအော်ငိုမိရုံတမယ်။

"ခင်ဗျားဘာဖြစ်နေတာလဲ သျှင်ဦးယာ?!"

ဇံဟာ သူ့အရှေ့ထားရင် အတွေးလွန်ကာ ကြောက်ရွံ့နေသော သျှင်ဦးယာကြောင့် ပိုမိုဒေါသထွက်လာသည်။ ဘယ်သူကဘာလုပ်မှာမလို့ အဲဒီလောက်ကြောက်ပြနေရတာလဲ?

"ဘာ..ကိုလဲ ဘာ..မှမဖြစ်.. ပါဘူး..ဘာပြော..ဖို့လဲ?"

[ W/N - ကျုပ်သားခမျာ တုန်ပါတုန်‌ရတယ်လို့ ]

"ဘာပြောဖို့လဲဟုတ်လား?! ခင်ဗျားပဲကျုပ်ကိုမရ‌တည်းက ကျုပ်မရှိရင်မဖြစ်ပါဘူးဆိုပြီး ငမ်းငမ်းတက်နေခဲ့တာလေ! အခုကျ ကျွန်တော်ခင်ဗျားနဲ့စေ့စပ်တာလည်းလက်ခံရော  ဘာလို့မပျော်ရတာလဲ?! ခင်ဗျားပဲဒါကိုလိုချင်ခဲ့တာမလား?!! ပြီးတော့ ခင်ဗျားကျုပ်ကိုသဘောမကျတဲ့အကြည့်တွေကြည့်‌သေးတယ်! သျှင်ဦးယာ! မင်းတကယ်ဘာလိုချင်နေတာလဲ?!!"

You've reached the end of published parts.

⏰ Last updated: Mar 24 ⏰

Add this story to your Library to get notified about new parts!

What The Fucking Hell?!Where stories live. Discover now