_6_

401 39 6
                                    

- တရားသမား နှင့် ဥပုတ်မစောင့်တဲ့ကျား 1 -

သျှင်ဦးယာကကြောက်လန့်တကြား အကြည့်ပြန်လွှဲလိုက်တယ်။

ဇံကတော့ အေးစက်စက်မျက်နှာပေးနှင့် ခုံတွင်ဝင်ထိုင်တယ်။

ထိုစဥ် အိမ်လယ်ပေါက်ဝကနေ ထပ်ထွက်လာသော ကောင်လေးတစ်ယောက်။

ဇာတ်လိုက်ကလွဲ၍ မည်သူရှိဦးမည်နည်း။

ဇာတ်လိုက်မ(male)ထက်ပိုမြင့်များသော အရပ်ကြောင့် ကုန်းကုန်းကွကွဖြစ်နေသည့်ပုံမှာ ရယ်ချင်စရာကောင်းတာကြောင့် စစ်ခွန်းကြိတ်ရယ်လိုက်သည်။

တစ်မျိုးမတွေးပါနဲ့! မင်းတို့ရဲ့ဇာတ်လိုက်ကြီးကို လှောင်ရယ်တာမဟုတ်ရပါဘူး ဟိဟိ။

စစ်ခွန်း၏ပေါက်ပန်းလေးဆယ်သော အတွေးတွေကိုကြားနေရတဲ့ System၏ဖန်သားပြင်မှာတော့ စိတ်လေနေသော အီမိုဂျီတစ်ခုဖြစ်ပေါ်လာသည်။

ဘယ်လောက်ဘဲကြိတ်ရယ်နေပါစေ အသံကတော့ထွက်ဖြစ်အောင်ထွက်သွားသည်။

ဇာတ်လိုက်ကတော့ သူ့အားနီရဲသောနားရွက်အစုံနှင့် ကြည့်လာပြီး ခေါင်းကုတ်ကာ ရှက်ရွံ့စွာဖြင့် ရယ်ပြကာ သူ့တို့ဆီလျှောက်လာသည်။

သူလည်း ဇာတ်လိုက်ထံမှအကြည့်လွှဲပြီး မျက်နှာရှေ့ပြန်အလှည့် တင်းမာနေသော အဝါရောင်မျက်ဝန်းတစ်စုံနှင့် မျက်လုံးချင်းဆုံမိသွားသည်။

အား! ဇာတ်လိုက်မ(male)ရဲ့ဘဲကို ငေးမိသွာပြီ။ ဇာတ်လိုက်မ(male)ငါ့ကိုသတ်တော့မယ်ထင်တယ်။ ပြီးတော့ သူ့ရဲ့ သူ့ရဲ့

' System သူ.. သူ့မျက်ဝန်းတွေက.. လူတစ်ယောက်ရဲ့မျက်ဝန်းတွေ မဟုတ်လောက်ဘူး! '

[ ဇာတ်လိုက်မ(male)က လူမဟုတ်ဘူးလေဗျ။ လူကြီးမင်းမေ့သွားတာလား? ]

' လူမဟုတ်ဘူးဆိုတော့ သူကဘာလဲ? '

[ သမန်းကျားလေ! သမန်းကျားဗျ! ]

' ???? '

[ တကယ်ဘဲ လူကြီးမင်းရဲ့ဦးနှောက်ကင်ဆာက အဲဒီလောက်တောင်ဆိုးသွမ်းသွားတာဘဲ ]

' ... '

"အဟမ်း အားလုံးဘဲသိကြတဲ့အတိုင်း အခုဒီပွဲကကျွန်မတို့သားငယ်လေးဇံနဲ့ လူကလေး ယာ(အဖျားစွတ်ခေါ်ဆိုခြင်းတို့ကို လင်မယား အဟမ်း လင်လင်အရာရောက်အောင် လမ်းဖောက်ပေးတဲ့ပွဲလေးပဲဖြစ်ပါတယ်။"

What The Fucking Hell?!Where stories live. Discover now