_9_

314 25 22
                                    

ထွဋ်ခေါင်ဇံ - ဇာတ်လိုက်မ
လမင်းမာန် - ဇာတ်လိုက်
သျှင်ဦးယာ (ခ) စစ်ခွန်းယံ - ဗီလိန်

_ _ _

[ တကယ်တော့ စာရေးဆရာက ဒီစာကိုရေးကတည်းက မရှင်းမလင်းရေးခဲ့တာမလို့ ဇာတ်လမ်းတွေဟနေတာမျိုးတွေ ရှိတတ်ပါတယ် ]

"အော်.. အင်း"

သောက်သူတောင်းစားကိုက စာကိုမရှင်းမလင်းရေးထားတာ၊ ပြီးတော့ တမင်သက်သက်လည်း ဗီလိန်ကိုဇာတ်အတင်းနာထားခိုင်းတာ။ စဥ်းစားကြည့်လိုက်ရင် အဲဒီကောင်ကအရူးပဲ(စာရေးဆရာကိုပြောခြင်း)။

စစ်ခွန်းယံ၏ အတွေးကိုကြားနေရသည့် စောင်စတစ်ကတော့ လျစ်လျူရှု့ထားလိုက်သည်။ သူကိုက ဦးနှောက်မကောင်းတဲ့သူနဲ့ကျတော့ ခံရတော့မှာပေါ့ ဟင်းး..။

[ အဲဒါဆိုရင် ကျွန်တော် လူကြီးမင်းကို ပြန်ပို့ပါ... ]

"Nah Nah nah ငါလေးနှပ်ချင်သေးတယ်"

စစ်ခွန်းယံက လေလေးတချွန်ချွန်ဖြင့် လက်နောက်ပစ်ကာ စောင်စတစ်ရဲ့ space ကိုလှည့်ပတ်ကြည့်နေတုန်း စောင်စတစ်၏ စခရင်မှာပျောက်သွားပြီး လူရိပ်လိုလို အနက်ရောင်လိုအရိပ်အဖြစ်ပြောင်းသွားလေတော့သည်။

ထို့နောက် ထိုအရိပ်ဟာ ဒူးထောက်ကျသွားပြီးနောက် ခေါင်းအားလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အော်ဟစ်တော့သည်။

"အား!!!! နာတယ်!! နာတယ်!! ခွန်း.. ခွန်းယံ!!"

စစ်ခွန်းယံက သူ့အနောက်မှထွက်လာသည့် အော်ဟစ်သံကြောင့် ကြောင်လန့်တကြား လှည့်ကြည့်မိသွားသည်။

စစ်ခွန်းယံ သူ့အရှေ့က ဒူးထောက်ကာ သူ့နာမည်ကို အော်ခေါ်နေတဲ့ လူရိပ်လို အရိပ်မည်းမည်းကြောင့် ကြောက်ဒူးများတုန်လာသည်။

ဒါပေမဲ့ တုံးချင်ယောင်ဆောင်ထားသည့် ခွန်းယံက ထိုအရိပ်မှာ သူ့ရဲ့စောင်စတစ်မှန်းဖြစ်မည်ကို ရိပ်မိကာ တုန်ရီနေသည့်ခြေထောက်များကို ထိန်းကာ စောင်စတစ်ဆီအပြေးသွားကာ ထူပေးလိုက်သည်။

ရုတ်တရက်ဆန်သည့် အဖြစ်အပျက်များကြောင့် စစ်ခွန်းယံမှာ အံ့အားသင့်နေရသည်။

What The Fucking Hell?!Unde poveștirile trăiesc. Descoperă acum