_11_

135 5 8
                                    

ဇာတ်လိုက်မ (male) - ထွဍ်ခေါင်ဇံ
ဇာတ်လိုက် - လမင်းမာန်
သျှင်ဦးယာ (သို့) စစ်ခွန်းယံ - Villain (or) Host

_ _ _ _ _ _ _ _

ဇာတ်လိုက်အမေဝင်လာပြီးသည့်နောက်တွင်တော့ တိတ်ဆိတ်‌ပြီးအေးစက်နေတဲ့ လေထုဟာပျောက်ကွယ်သွားတော့သည်။ ဇာတ်လိုက်တို့အမေနောက်တွင် နောက်ထပ် ထပ်ဝင်လာသူမှာတော့ သျှင်ဦးယာ၏အမေပင် ဖြစ်သည်။

"သားမာန်တို့ သွားနားရင်လည်း သွားနားတော့လေ၊ လူလေး'ယာ'က ပြန်နိုးလာပြီဆိုတော့"

ထိုစကားကို ကြားတော့ မင်းမာန်ကတော့ ပြုံးပြီးခေါင်းငြိမ့်ပြကာ ကုတင်ပေါ်မှအသာအယာဆင်းသွားသည်။ မဆင်းခင်လည်း စစ်ခွန်းယံအား တော်တောက်ပပကြီး ပြုံးပြသွားလေသေးသည်။

ဇံကတော့ အေးစက်စက်မျက်နှာပေးနှင့်ပင် သျှင်ဦးယာ၏လက်ကို အချိန်အကြာကြီးဆုပ်ကိုင်ခဲ့သူမှာ သူမဟုတ်သလိုနှင့် ကုတင်ပေါ်ကဆင်းသွားသည်။ ဇံကတော့ ဇာတ်လိုက်နှင့်ဆန့်ကျင်စွာ သျှင်ဦးယာကို အေးစက်စက်တစ်ချက်စိုက်ကြည့်ကာ ချက်ချင်းဇာတ်လိုက်နောက်မှ လိုက်ထွက်သွားလေသည်။

'ဘာတုန်း သူ့ဟာကြီးက ငါ့ကိုပြုံးပြသွားလို့ သတ်မလိုဖြတ်မလိုကြည့်နေရလား ငါဝိုးမ ဇာတ်လိုက်တွေ၊ ဇာတ်ကြောင်းဖတ်ပြီးကတည်းက သောက်မြင်ကြည်နေတာမဟုတ်ဘူးနော် -ီး-ီးလားလားအခွက်တွေ လာမလုပ်ပြနဲ့'

ဤသို့ဖြင့် လိမ္မာယဉ်ကျေးလှပါသော အမောင်စစ်ခွန်းယံပေတည်း။ ဝတ္ထုဖတ်ပြီးကတည်းကနေ ဇာတ်လိုက်တွေအပေါ်အမြင်သိပ်မကြည်တဲ့ စစ်ခွန်းယံဟာ စောင်စတစ်စီ၌ ဇာတ်ကြောင်းကြားပြီး ဇာတ်လိုက်တွေအပေါ်ကြည့်မရသည့် အမြင်ဟာ နှစ်ဆတိုးလာတော့သည်။

အမောင် စစ်ခွန်းယံကျန်ခဲ့တဲ့ အိမ်ခန်းလေးမှာတော့ ဇာတ်လိုက်အမေနှင့် သူ့အမေ၏ စိုးရိမ်တကြီးမေးမြန်းသံတွေ၊ စကားပြောသံတွေ စစ်ခွန်းယံ၏ ပြန်ဖြေသံတွေနှင့် ပြည့်နှက်နေလေတော့သည်။

တစ်ဖက် ဇာတ်လိုက်တို့ဘက်မှာတော့ -

"အစ်ကို.. ကျွန်တော်ပြောစရာရှိလို့"

ဇံ၏ အသံကိုကြားသော် မင်းမာန်ဟာ သက်ပြင်းအသာအယာချလိုက်လေသည်။ ဒီကလေး စေ့စပ်မဲ့သူတောင်ရှိနေပြီကို လက်မလျှော့သေးဘူးလားမသိ။

What The Fucking Hell?!Where stories live. Discover now