-13- (မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ)

3K 612 25
                                    

(Unicode)

ရှန်းချွယ့်ဆီမှ ခနဲ့သလို မက်ဆေ့ဂ်ျတွေ တန်းစီ ၀င်ရောက်လာခဲ့သည့် ထိုနေ့မှာ ယွိကျန်းတုက code ရေးနေခဲ့တာဖြစ်သည်။

ငါ့ရဲ့ ‌ငမွဲသူဌေး : [ငါ ပိုက်ဆံရှာလို့ရမယ့် နည်းတစ်နည်း စဉ်းစားမိပြီ..အရင်အတိတ်တုန်းက ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေ သုံးခဲ့ကြတာ]

ယွိကျန်းတု :[?]

ငါ့ရဲ့ ငမွဲသူဌေး : [ ဒါမဲ့ အဲ့နည်းကို သက်ရှိလူသားတွေပဲ သုံးလို့ရတာ...
မင်းကိုယ်မင်း ပိုက်ဆံအတွက် စတေးနိုင်လားဆိုတာကတော့ မင်း ကဏ္ဍပေါ့]

ရှန်းချွယ့်ရဲ့စာကိုဖတ်အပြီးမှာ ယွိကျန်းတု နိုးနိုးကြားကြားဖြစ်သွားခဲ့ရသည်။
သူ့ကို ဂိမ်းထဲမှာ ပိုက်ဆံတွေ ထပ်မဖြုန်းဖို့ မှာလိုက်ကတည်းက အရင်လို တစ်ဖက်ပြိုင်ဖက်ဆီမှာ ဆောပလော်တီးခံနေရတဲ့ မြေစာပင်လေးဘ၀ပြန်ရောက်သွားလို့ ဒီရက်ပိုင်း ရှန်းချွယ့်တစ်ယောက် စိတ်ဖိစီးနေခဲ့တာပင်။

အဲ့လိုနဲ့ သူ့ရဲ့ရှိရှိသမျှ စွမ်းအင်အဖြာဖြာကို ငွေဘယ်လိုရှာရမလဲ တွေးတောတဲ့ဖက်ကို အကုန်ပုံအောလိုက်တဲ့ပုံပဲ...
ဒါပေမဲ့ ကြည့်ရတာ လူ့ပြည်မှာနဲ့ သူတို့မြေအောက်လောကနဲ့ယှဉ်ရင် ငွေရှာဖို့နည်းတွေက မတူဘူးထင်ပါရဲ့။

ယွိကျန်းတု : [ ဘာနည်းလဲ အဲ့တာ?]

ငါ့ရဲ့ ‌ငမွဲ သူဌေး : [မင်း သရဲငါးကောင်ပိုက်ဆံသယ်ပို့ရေးမန္တာန် ဆိုတာ ကြားဖူးလား?]

ဘယ်ကြားဖူးလိမ့်မလဲ!
ဒါပေမဲ့ သူ့အနေနဲ့ ဘယ်တော့ဖြစ်ဖြစ် သူဌေးဖက်က တစ်ခုခုပြောလာလို့ နားမလည်ဘူးဆိုရင် ၁၂၀% သေချာဖို့ အွန်လိုင်းမှာ ပြေးပြေးရှာတတ်နေပြီပင်။

အထက်မှာ ပြောထားတဲ့ သရဲငါးကောင်ပိုက်ဆံသယ်ပို့ရေးမန္တာန် ဆိုသည်မှာကား သရဲငါးကောင်ကို ပိုက်ဆံအသယ်အပို့လုပ်ဖို့ မန္တာန်နဲ့ ထိန်းချုပ်နည်း တစ်မျိုး ဖြစ်၏။
ထိန်းချုပ်ခံရတဲ့ သရဲများက တစ်ခြားသူပိုင်ဆိုင်တဲ့ ငွေတွေကို မန္တာန်စီရင်သူရှိရာဆီ သယ်ပို့ပေးရသည်။

ဒီနည်းကို မြေအောက်လောကသရဲငါးကောင်အကြွေးဆပ်နည်း မန္တာန်လို့လည်း လူသိများပြီး
မန္တာန်ပေါ်ပေါက်လာရခြင်း ရည်ရွယ်ချက်က မြေအောက်လောကက ပစ္စည်းပစ္စယများကို ငှားလိုတဲ့အခါ သုံးရန်ဖြစ်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now