-20.2-

3K 607 44
                                    

(Unicode)

ယွိကျန်းတုက စကူဘီလျှပ်စစ်မော်တော်ဆိုင်ကယ်လေးပေါ်ကို ခြေထောက်ကို လွှားခနဲ တက်ခွလိုက်ပြီးတဲ့နောက် နောက်ခုံကို လက်နဲ့ ပုတ်ပြလိုက်သည်။
ထို့နောက် ရှန်းချွယ့်ကို ပြောလိုက်၏။
"တက်...ကျွန်တော် တင်မောင်းမယ်"

ရှန်းချွယ့်မှာ ဆိုင်ကယ်သေးသေးလေးကို အကဲခတ်ကြည့်ပြီးနောက်မှ ဖြည်းဖြည်းသာသာလေး ခွတက်သည်။
သူ့အသံမှာ မနှစ်မြို့ခြင်းတွေအပြည့်။ ။။။
"ငါ အတိတ်တုန်းကသာဆိုရင် ဒီလိုမျိုး သွားလာဆက်သွယ်ရေးပစ္စည်းကို သုံးမိလောက်မှာ မဟုတ်ဘူး"

ယွိကျန်းတုက မျက်တောင်ပင့်လိုက်ကာ..
"သူဌေးမသိလို့.. ကျွန်တော်တို့ဆီမှာ ဒီလိုယာဉ်မျိုးစီးနိုင်ရင် ဘုရင်ပဲ"

ရှန်းချွယ့်က ဟမ် ဆိုပြီးလုပ်ကာ..
"နောက်တစ်ခါကျရင် အမိုးပါတဲ့ကားတစ်စီးစီး ပြောင်းထားသင့်တယ်"

ယွိကျန်းတု ခဏရပ်လိုက်ရ၏။
"သူဌေး..အခုကတည်းက နောက်တစ်ခေါက်အတွက် အစီအစဉ်ဆွဲထားနှင့်ပြီလား?"

ရှန်းချွယ့် :"..............."
ဘယ်လိုတောင်!
ပါးစပ်ထဲကနေ ဘယ်လိုထွက်သွားရတာလဲ!

အနည်းဆုံးတော့ ယွိကျန်းတုက စကားစပြတ်မသွားအောင် စွမ်းဆောင်လိုက်နိုင်သည်။
"ကောင်းပါပြီ ကောင်းပါပြီ...နောက်တစ်ခါကျလို့ရှိရင်လေ ထီးတစ်ချောင်း အသင့်ရှာထားပြီး တပ်ထားပေးမယ်"

ရှန်းချွယ့်က ဟင်းတစ်ချက် ထပ်ချ၏။

ဆယ်မိနစ်နီးပါးလောက်ကြာပြီးနောက် ရှန်းချွယ့်က ယွိကျန်းတု ခါးကို ဖက်ကာ ပြောလာခဲ့သည်။
"မြန်မြန်မောင်းပေးပါလား...ပျော်စရာကြီး"

"ဒီထက်မြန်ရင်လည်း သင်္ချိုင်းကုန်းကို မသာမပေါ်ပဲ ရောက်ရုံပဲကျန်တော့တယ်
ထပ်မြန်လို့ မရတော့ဘူး"

ကျင်းထန်ရွာမှာ အဆင့်သတ်မှတ်ချက်စာရင်းတွင် ၃၈ ချိတ်တာကြောင့် မြို့ငယ်လေးလို့ ပြောလို့လည်းရသည်။

(T/N တရုတ်ပြည်မှာက တစ်နယ် တစ်နယ်ကို အရွယ်အစားပေါ်လိုက်ပြီး သတ်မှတ်ထားပါတယ်
ဥပမာဆို ထိပ်ဆုံးအဆင့် ၄ခုမှာ Beijing,ShangHai,Guangzhou,ShenZhen ရှိပြီး အဲ့နောက်မှာကျ Harbin တို့ Dalian တို့အဆင့်ဆင့်ပေါ့)

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now