-65- (ပရိုဂရမ်မာများက ဘယ်တော့မှ တစ္ဆေနှင့် ကြုံတွေ့ရလေ့မရှိပါ‌လေ)

1.9K 337 10
                                    

(Unicode)
လျို့ဝေမှာ တစ်ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။ သို့နှင့် တစ်ဖန် ပြန်မေးကြည့်လိုက်ရ၏။

"တစ်ချက်လောက် ပြန်ပြောပေးလို့ရမလား??"

လူငယ်မှာ သူ တောင်းဆိုသည့်အတိုင်း လိုက်လျောပေးခဲ့သည်။
"ဒီလိုလေ...wechat မှာဆိုရင် အချင်းချင်း friend add လို့ ရတဲ့ friend circle ပါတယ်မလား...
အဲ့လိုမျိုးနဲ့ ပုံစံတူ ထွင်ပေးလို့ရမလား မေးကြည့်တာ"

လျို့ဝေက မျက်နှာထားကို တင်းထားလျက်
"Wechat မှာ ရှိနေပြီးသားကို ဘာလို့ ထပ်ထွင်ရမှာလဲ အလကားသပ်သပ် အချိန်ကုန်ရုံပဲ ရှိမှာပေါ့"

"မတူဘူးလေ"
လူငယ်မှာ ပြောစကားကို လက်မခံချင်သည့် ဟန်နှင့်
"Wechat ထဲကဟာက အသက်ရှိတုန်းက သူငယ်ချင်းတွေနဲ့ပဲ အဆင်ပြေတာလေ သေပြီးတဲ့ အခါကျ အဲ့လူတွေကို သွားပြီး ဆက်သွယ်လို့မှ မရတော့တာ....
အဲ့တော့ လော့ဖုန်းအနေနဲ့ သေပြီးသား သူအချင်းချင်း ပြန်လည်ဆုံစည်းဖို့ အရေး ဆောင်ရွက်ပေးပါဦးလို့"

လျို့ဝေ "............."
ဒီလူက application လေး တစ်ခုလောက်ကို အတည်ပေါက်ကြီး အတွေးလွန်နေတာပဲ...

သေတဲ့အချိန်ထိပါ အဆင်ပြေဖို့အရေး ကြိုတွေးထားနှင့်ပြီပေါ့???

သေပြီးသား သူတွေအချင်းချင်း ပြန်လည် ဆုံစည်းရေး

လျို့ဝေလည်း စစနောက်နောက်ဖြင့် ပြန်ချေပလိုက်သည်။
"အဲ့အစား သေပြီးသားသူတွေ သူတို့ကြုံရသမျှ ပြဿနာတွေ ပြန်ပြီးဝေမျှလို့ရမယ့် ဖိုရမ် တစ်ခု ထွင်ခိုင်းတာကမှ ပိုပြီး ယုတ္တိကျဦးမယ်...."

လူငယ်က လက်ခုပ် တစ်ချက် အကျယ်ကြီး ထ တီးလိုက်သည်။
"အကြံကောင်းပဲ !!!!!!! ထင်ထားတဲ့အတိုင်း....ပရော်ဖက်ရှင်နယ် ဆန်တဲ့သူတွေဆိုတော့ ပိုပြီး ယုတ္တိကျတဲ့ အကြံဥာဏ်မျိုးတွေ ထွက်ချလာတာပဲ..."

လျို့ဝေ "............"
လာပြောင်နေတာလား???

သို့သော် လူငယ်၏ပုံမှာမူ စိတ်ရင်းအတိုင်းပြောလိုက်သည့် ပုံပေါ်နေခဲ့သည်။ သို့နှင့် လျို့ဝေ အနေနဲ့ တစ်ဖက်လူအား ရန်ပြန်မလုပ်ရဲ။ ထိုအစား ယခု application ၏ အလုပ်လုပ်ပုံကိုပဲ ပို၍ စိတ်ဝင်စားလာမိသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Tahanan ng mga kuwento. Tumuklas ngayon