-31- (မြေအောက်လောကစွမ်းအင် သန့်စင်စက်)

3.3K 576 12
                                    

(Unicode)

ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသည်နှင့် နေ့စဉ်ဘ၀ လည်ပတ်မှုဟာ ယွိကျန်းထုထံသို့ ပြန်လည်ဆိုက်ရောက်သည်။
သူ့မှာ အခြားရွေးချယ်စရာလည်း မရှိပါလေ။
programme development ပိုင်းသပ်သပ်ကတင် ၀န်ပိလှပြီကို သူ့အနေနဲ့တစ်ခြားအလုပ်ကိစ္စတွေမှာလည်း တာ၀န်ခံပေးရသေးသည်။
အလုပ်ဘယ်လောက် မရှုပ်သလဲ ရှုပ်သလဲဆို သူ့အနေဖြင့် ပြက္ခဒိန်ပေါ်၌ ရေချိုးရက်ဟူ၍ သတ်မှတ်ပြီး ချိုးရသည်အထိတောင် ဖြစ်လာခဲ့ရသည်။

သို့သော် လက်သည်ရှန်းချွယ့်၏ ယမသံမဏိဘောလုံးကြောင့် ဖူမြို့တစ်မြို့လုံးမှာတော့ အုတ်အော်သောင်းနင်းဖြစ်ကျန်ခဲ့ဆဲ။

ဟို့ကွမ်းကျုံး၏ မိန့်ခွန်းစကားပြောကြားသည့်အခိုက်ကို ကျောင်းသားကျောင်းသူ အများအပြားက ဗီဒီယိုရိုက်ကူးထားကာ အွန်လိုင်းပေါ်၌ သူ့ထက်ငါအပြိုင် တင်ခဲ့ကြသည်။
တမဟုတ်ချင်းမှာပဲ ဟို့ကွမ်းကျုံး၏ ဦးလေး ၊ နိုဗာနည်းပညာ ၊ ဖူမြို့တက္ကသိုလ် အစရှိသည်တို့သည် မြို့၏ ပြောစရာ ကဏ္ဍရပ်ကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်။

ဟို့ကွမ်းကျုံးဖက်က သူ့မိန့်ခွန်းစကားဟာ လုပ်ဇာတ်အလိမ်အညာတွေသာ ဖြစ်ပါသည်ဟု ခေါင်းရှောင် ငြင်းပယ်သော်ငြား မြို့သူမြို့သားများကတော့ အမှန်တရားကိုသာ ဆက်လက်တူးဆွခဲ့ကြတော့၏။

တကယ်တမ်းကျ ဟို့ကွမ်းကျုံး အခုလို လူအများရှေ့မှာ နောက်လူတစ်ယောက်သဏ္ဍာန်ပြောင်းကာ ဤသို့စကားများ ထွက်လာခဲ့သည့်အပေါ် နောက်ကွယ်က ခြိမ်းခြောက်သူ ရှိသည်ဟု အများစုက ယူဆနေခဲ့ကြသည်။

ဟို့ကွမ်းကျုံး၏ အဒေါ်ဖြစ်သူ လက်ဆောင်ပေးသည့် နာရီ၏ ကြည်တောက်ရှင်း hd ပုံမှာလည်း အင်တာနက်တခွင် ပြဲပြဲစင်၍ မြို့ခံများမှာ ထိုနာရီအပေါ် ဝေဖန်သုံးသပ်လို့မဆုံးနိုင်။

အစိုးရ၀န်ထမ်းတစ်ယောက်ရဲ့ ဇနီးလုပ်သူက ဘယ်လိုနည်းနဲ့ သိန်းနဲ့ချီတန်တဲ့ နာရီတစ်လုံးကို လွယ်လင့်တကူ လက်ဆောင်အဖြစ်ပေးနိုင်ရတာလဲ။

ဖူမြို့ကောင်စီရုံးအနေဖြင့် ထိုအခမ်းအနားနှင့်ပတ်သတ်သည့် ရုပ်ပုံ ၊ ဗီဒီယိုများကို လိုက်ဖျက်၍ ကွန်မန့်များကို ထိန်းချုပ်ရန် ကြိုးစားသော်ငြား ထိုအဖြစ်အပျက်တွင် မျက်မြင်သက်သေများက များပြားလှသည်မဟုတ်ပါလား။
တစ်ယောက်ချင်းစီက ထောင်ပေါင်းများစွာ တင်နေသည့် ပို့စ်တွေကို သူတို့အနေနဲ့လိုက်ဖျက်ရန်မှာ မလွယ်ကူလှ။
ထို့ထက် ပိုအရေးကြီးသည်က ဆိုရှယ်မီဒီယာတွင် ပရိသတ် အခိုင်အမာရရှိထားသည့် ကျောက်ရှန်းလန်ကပါ ထိုနေ့က အခမ်းအနားတွင် ရောက်ရှိနေခဲ့လေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now