-55- (တစ္ဆေရာချီ စီတန်းလှည့်လည်ပွဲ)

1.8K 404 21
                                    

(Unicode)
တွဲလောင်းတစ္ဆေပုံစံက ကြည့်လေ ကြည့်လေ ခြောက်ခြားစဖွယ်ဆိုပေမဲ့ တစ္ဆေက ကိုယ့်ထက်တောင် ပိုလန့်တတ်နေတာ တွေ့တော့ ကောက်တွေ့တွေ့အနေနဲ့လည်း ထပ်ပြီး ကြောက်ဒူးတုန်ပြနေဖို့ ခက်ခဲသွားခဲ့တော့သည်။

သူ ခြေထောက်တွေကို ငြိမ်အောင်ပြန်ထားလိုက်ရင်း ကလးအုပ်စုအား ပြုံးပြလိုက်ကာ..
"ကလေးလေးတို့ စောနက ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်နော်"

ကလေးမငယ်လေးက သူ့ကိုယ်သူ တစ်ပတ်လှည့်ပြလိုက်ရင်း ပြောလာခဲ့သည်။
"ရပါတယ်..မီးမီးကိုကိုက သင်ပေးထားတာ
ကိုယ့်အိမ်ကနေ အပြင်ကို ရောက်သွားတဲ့အခါကျရင် ကောင်းတဲ့အရာတွေပဲ ရွေးလုပ်ရမယ်တဲ့"

ကလေးမလေး ၀တ်ဆင်ထားသည်မှာ Elsa ‌ဂါ၀န်လေးဖြစ်ပြီး အင်မတန်မှ ချစ်စဖွယ်ကောင်းနေခဲ့၏။

ကောက်တွေ့‌တွေ့‌လည်း အသည်းယားသည့် အမူအရာမျိုး‌လေး ဖြင့် သူ့မျက်နှာသူ လက်ထဲဝှက်ပြီးနောက် မေးကြည့်လိုက်မိသည်။
"ဝါး..ဒါဆို မီးမီးက နတ်သမီးလေးပဲပေါ့ ဟုတ်တယ်မလား?"

"ဟုတ်ပါဘူး"
ကလေးမလေးက ခေါင်းယမ်းကာ အတည်ပေါက် ပြန်ဖြေပေးလာခဲ့သည်။
"မီးမီးက ၀မ်းဗိုက်တစ္ဆေပါ"

သူမ ဘေးက ရပ်နေသော ဖရုံသီး ၀တ်စုံဖြင့် ကောင်ငယ်လေးကပါ ၀င်ရော၍ မိတ်ဆက်လာခဲ့သည်။
"သားနာမည်ကတော့ ကုမန်ထုံ"

၀မ်းဗိုက်တစ္ဆေလေး :"သူက ထိုင်းကနေ ပြောင်းရွှေ့လာတဲ့ သရဲလေ"

တစ်ကိုယ်လုံး အမည်းရောင်၀တ်စုံဖြင့် ဓားတစ်ချောင်းကို စလွယ်သိုင်း ၀တ်ဆင်ထားတဲ့ နောက်ကောင်ငယ်လေးကပါ သူ၏ နာမည်အား ပြောပြလာခဲ့သည်။
"ကျွန်တော်ကတော့ ကွေ့လုံပါ"

သုံးယောက်လုံး မိတ်ဆက်ပြီးပြီးချင်းမှာပဲ သစ်ပင်နောက်ဖက် တစ်နေရာမှ အသံသေးသေးလေးက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကျွန်မ နာမည်ကတော့.......ပေ"

ကောက်တွေ့တွေ့လည်း အသံလာရာ ကြည့်လိုက်ချိန် သစ်ပင်ပင်စည်ရဲ့ အနောက်ဖက်ခြမ်းမှာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေသည့် ဆံပင်ရှည်ရှည်နှင့် ကောင်မ‌ငယ် ပုသေးသေးက ခေါင်းလေးပြူထွက်ပြလာတာကို မြင်လိုက်ရ၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now