-39- (စီးပွားရေးတစ်ခု စတင်ရတာလည်း မလွယ်ကူလှပါ)

2.8K 517 22
                                    

(Unicode)

လော့ဖုန်းကုမ္ပဏီ၏ ပထမဦးဆုံးအကြိမ်ကျင်းပသော အစည်းအဝေးကြီးမှာ သုံးနာရီကျော်ကြာမြင့်သွားခဲ့ချေသည်။

ကုမ္ပဏီရှိ ၀န်ထမ်းအဟောင်းများသာမက ၀န်ထမ်းအသစ်များကပါ ၎င်းတို့၏ စီးပွားရေးရှုထောင့်ပေါင်းစုံကို အပြိုင်အဆိုင်တင်ပြလာကြတာမို့ ခန်းမတွင်းအနေအထားက တင်းမာလာခဲ့ရသည်။

ယခုအစည်းအဝေးမှာ မြေအောက်လောကသားတွေအနေဖြင့် ပထမဦးဆုံးအကြိမ် တက်ရောက်ရတာဖြစ်သော်ငြား ၎င်းလောကသားများမှာလည်း တစ်ခါတုန်းက လူ့လောကသားတွေဖြစ်ခဲ့ကြသူတွေ မဟုတ်ရပါလား.
သို့နှင့် စီးပွားရေး Strategies များအကြောင်း နှံ့စပ်သူက များပြားလှသည် ။

ထို့အပြင် ယခု၀န်ထမ်းများအားလည်း အဆင့်ဆင့်ရွေးချယ်အကဲခတ်ပြီးမှ ခန့်အပ်ခဲ့ရတာမို့ တစ်ချို့ဆိုလျှင် မသေဆုံးခင်အချိန်က စီးပွားရေးနယ်ပယ်မှာ တစ်သက်တာ ခြေဆန့်ခဲ့သူများလည်း ပါ၀င်သေးကာ ၎င်းတို့မှာ ယခုအစည်းအဝေးပွဲတွင် အကြိတ်အနယ် ဖြစ်နေခဲ့ကြသည်။

သေချာပေါက် အခက်အခဲများလည်း ကြုံ‌တွေ့ရပေ၏။ အထူးသဖြင့် မြေအောက်လောကနှင့် လူ့ကမ္ဘာ ဟူသည့် ကွာခြားမှုအပိုင်းအခြားအလွှာအောက်မှာ ..
အသက်ရှိစဉ်ကာလတုန်းက ကျင့်သုံးခဲ့သည့် marketing strategies များနှင့် ပရိုမိုးရှင်းဆင်းသည့် နည်းလမ်းများကိုလည်း မသုံးနိုင်တော့ချေ။

ဥပမာပြရသော် သက်ရှိလောကမှာ လူသုံးများ တွင်ကျယ်သော ပစ္စည်းပရိုမုတ်လုပ်နည်းမှာ ကြော်ငြာအ၀င်ဖုန်းများမှ တစ်ဆင့်ဖြစ်သည်။
သို့သော် ယခုလို ၎င်းတို့မြေအောက်လောက ပစ္စည်းများကိုသာ ကြော်ငြာအ၀င်ဖုန်းကတစ်ဆင့် ကြော်ငြာပါက ချက်ချင်းလက်ငင်း စခန်း ရောက်သွားလောက်မှာပင်။

ကြော်ငြာဆိုင်းဘုတ်များ ၊ တီဗီကြော်ငြာများတွင် ထည့်သွင်း ကြော်ငြာဖို့ရန်ကလည်း ခက်ခဲလှပေသည်။
၎င်းတို့မှာ ပစ္စည်းတစ်ခုခုအား ထည့်သွင်းမကြော်ငြာမီတွင် အဆင့်ဆင့်စစ်ဆေးသေးတာကြောင့် ထိုအဆင့်ကိုလည်း ဖြတ်ကျော်နိုင်‌လောက်မည် မဟုတ်...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now