-64.1- (ဘဝစီမံခန့်ခွဲရေး application)

1.3K 316 10
                                    

(Unicode)
ကိန္နရာများနှင့် ရှုပ်ထွေးပွေလီများ ဖြေရှင်းပြီးသည့်နောက်တွင် ယွိကျန်းတု အချိန်ကို စစ်လိုက်သောအခါ အချ်န်ကား နေ့လည်ခင်း ထမင်းစားချိန်ကိုတောင် ကျော်လွန်နေခဲ့ချေပြီ။

သို့နှင့် ယွိကျန်းတုလည်း ရှန်းချွယ့်အား လွယ်လွယ်ကူကူ စားလို့ရမှာမျိုးပဲ မှာလိုက်ဖို့ပြောရန် တွေးလိုက်မိ၏။ သို့သော် သူတစ်ခွန်းမှ မပြောနိုင်သေးခင် အချိန်မှာပဲ ရှန်းချွယ့်က သူ့ဖုန်းသူငုံ့ကြည့်လိုက်ပြီးနောက် ပြောလာခဲ့သည်။

စကားသံကား သာမန်ကျနေခဲ့စွာ...
"ငါတို့ အစောပိုင်းက သွားမယ်လုပ်ထားတဲ့ စားသောက်ဆိုင်မှာ ထိုင်စရာ နေရာကျန်သေးတယ်တဲ့ အဲ့ကိုပဲ သွားကြတာပေါ့"

ယွိကျန်းတု အနေဖြင့် ရှန်းချွယ့်တစ်ယောက် ထို စားသောက်ဆိုင်အကြောင်း စိတ်ထဲရှိနေသေးမယ်လို့ မထင်မိလိုက်။ ထို့အတွက်ကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

"အဲ့ဆိုင်မှာ ဘာတွေရတာတဲ့လဲ??? "
ဒီိိလောက် စိတ်ထဲကနေ မမေ့နိုင်ဖြစ်နေရလောက်အောင်။

ရှန်းချွယ့် :"မီနျူး မကြည့်ထားရသေးဘူး"

ယွိကျန်းတု:".................!?"

သူဌေးက အင်တာနက်ပေါ်က ရီဗျူးတွေ ယုံစားပြီးတော့ သွားကြည့်ချင်စိတ် ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူးနော်????

ပြောစကားတွေတောင် ပျောက်ရှသွားရသည်။ သို့သော် သူဌေးပုံစံက စိတ်အားထက်သန်နေတာမို့ သူ ပြုံးသာပြုံးလိုက်ပြီး...
"အဲ့တာဆိုလည်း အဲ့ကိုပဲ သွားကြမယ်လေ...."

ရှန်းချွယ့်၏ နှုတ်ခမ်းထောင့်စွန်းနေရာလေးက ကွေးတက်သွားရသည်။ သူက ဦးဆောင် ခေါ်သွားပေးဖို့ ခန္ဓာကိုယ်ကို ရွေ့တုန်းမှာ ယွိကျန်းတုက အနောက်လှည့်ပြီး ကိန္နရာနှစ်ကောင်အား လှမ်းခေါ်လိုက်၏။

"ဟိတ် မင်းတို့ရော တစ်ခါတည်း လိုက်ခဲ့လေ....."

ရှန်းချွယ့် :"..............."

ကိန္နရာ နှစ်ကောင်မှာ လက်နှစ်ဖက်ဆီကို ထပ်လျက် ဂါရဝပြုလာခဲ့သည်။
"လူကြီးမင်းဖက်က ကျွန်တော်တို့အပေါ် စက်ဆုပ် ရွံရှာမှုမျိုး မရှိတဲ့အတွက် ကျေးဇူး ကမ္ဘာပါ...ဒီသေးနုပ်လှတဲ့ နတ်ဘုရားငယ်လေးတွေက ဒီကျေးဇူးကို တစ်သက်မမေ့ဘဲ ခေါ်ဆောင်ရာကို ရာသက်ပန် လိုက်ပါပါမယ်..."

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now