-26- (ဆုံတွေ့ဖို့ရာ ကံပါလာသော product manager)

2.7K 588 42
                                    

(Unicode)

လော့ဖုန်းကုမ္ပဏီက အလုပ်ခေါ်စာ ဖြန့်ချီပြီးနောက်မှာ တမဟုတ်ချင်းပဲ လျှောက်လွှာတင်သူ အမြောက်အမြားရှိလာခဲ့သည်။

အကြောင်းအရင်းကတော့ ပြောနေစရာကိုမလိုချေ.....
ပေးမည့်လစာက လူ့လောကရှိ ငွေကြေးတန်ဖိုးဖြင့် ပေးချေမည်ဆိုသောကြောင့်ပင်။
ဒီအချက်က အလုပ်လျှောက်မည့်လူများ....မှားလို့ တစ္ဆေများကို စိတ်မြူးထူးသွားစေခဲ့ခြင်းပေ။

အခုနောက်ပိုင်းမှာ အစိုးရက လူမျိုးဘာသာကိုးကွယ်မှုတွေကို တစ်စချင်းတစ်စချင်း ဖိနှိပ်လာတဲ့အတွက်ကြောင့်
ပြန်လည်၀င်စားဖို့စောင့်ဆိုင်းနေရဆဲ တစ္ဆေများမှာ ပူဇော်ခံပစ္စည်း လက်ခံရရှိခြင်း နည်းသထက်နည်းလာခဲ့ရသည်။

အဓိကက စားရေးသောက်ရေးဆိုသော်ငြား ခန်ကျင့်လိုမျိုး ဖက်ရှင်အရာမှာ သက်၀င်နေသူအတွက်ကျ ပြန်လည်မ၀င်စားခင် ၀တ်ဖို့စားဖို့ အင်္ကျီလေးတစ်ထည်ရဖို့ကပင် အနိုင်နိုင်ဖြစ်လာခဲ့ရသည်။
တကယ်ကို စိတ်ညှိုးနွှမ်းဖွယ်ရာပင်။

တကယ်လို့သာ သူတို့အနေနဲ့ သက်ရှိလောကက ငွေကြေးကို ကိုယ်လုပ်စာနဲ့ကိုယ် သုံးစွဲလာနိုင်မယ်ဆိုရင်
အခုလို ကံနိမ့်နေတဲ့ဘ၀ကနေလည်း ကင်းလွတ်သွားနိုင်သည့် အခွင့်အရေးရှိနေသည်။

အထူးသဖြင့် ငရဲမှာက စီးပွားရေးလုပ်ငန်းဆိုလို့ လော့ဖုန်းတစ်ခုတည်းရှိ၏။
အလုပ်ခန့်ခံရပြီဆိုရင် ငရဲပြည်ရဲ့ ၀န်ထမ်းကတ်က ရဦးမှာမို့
ငရဲပြည်က တစ္ဆေတွေအတွက်တော့ အလုပ်ရဖို့က အိပ်မက်ကြီးတစ်ခုလို ဖြစ်နေကြလေသည်။

တစ်ညတည်းအတွင်း HR Manager ဖြစ်သူ လုလင်းရှီထံကို လျှောက်လွှာတစ်သောင်းကျော် ၀င်ချလာခဲ့၏။
အရေအတွက်က များပြားလွန်းတဲ့အပြင် တစ်ယောက်တစ်ပေါက် သိရှိလိုသမျှ မေးမြန်းထားသည့် အ၀င်စာများကြောင့်လည်း ကုမ္ပဏီ ၀က်ဘ်ဆိုက်ကြီး server တောင် down သွားခဲ့ရသည်။

[ကျွန်တော့် မျက်နှာက နည်းနည်းတော့ စိမ်းတဲ့ဖက် သွားနေပေမယ့်
ကျွန်တော် ဖောင်ဒေးရှင်းလိမ်းလိုက်မယ်ဆို အဆင်ပြေပါတယ်....အခွင့်အရေးသာပေးမယ်ဆို အလှလေးတစ်ယောက်အဖြစ်ပြောင်းသွားအောင်ပါ ပြင်တတ်ဆင်တတ်ပါတယ်ဗျ]

ခေတ်သစ် ငရဲသစ်//MM Translation//Donde viven las historias. Descúbrelo ahora