-45- (သေခြင်းရှင်ခြင်း စာရင်းဇယား system ဗားရှင်းအသစ် ထုတ်လွှင့်)

3K 541 69
                                    

(Unicode)
လော့ဖုန်း သေခြင်းရှင်ခြင်း စာရင်းဇယားတွက်ချက်ပုံ system အား နှစ်မျိုးခွဲခြားထားသည်။
ပထမတစ်ခုမှာ ၀န်ထမ်းများ ပုံမှန်သုံးနေကျဖြစ်သည့် ကျောထောက်နောက်ခံ system နှင့်
ဒုတိယတစ်ခုမှာကား client များပါ ကြည့်ခွင့်ရှိသော ၊ သုံးခွင့်ရှိသော ပါဆင်နယ် use system ဖြစ်ပေသည်။

ယခုတစ်ခေါက် ဗားရှင်းအသစ်မြှင့်လိုက်သည့် system မှာ ၀န်ထမ်းများအသုံးပြုသည့် ပထမ sysetm ဖြစ်၏။

ဗားရှင်းအသစ်လွှင့်ပြီးပြီးချင်းမှာပဲ လော့ဖုန်း ရုံးချုပ်၌ ၀န်ထမ်းများအား လေ့ကျင့်ရေးဆင်းသည့်အနေဖြင့် အရေးတကြီးတွေ့ဆုံပွဲ ခေါ်ယူခဲ့သည်။
ယွိကျန်းတုမှာကား လော့ဖုန်း၀န်ထမ်းများထံ ယခုအသစ်ထုတ်လွှင့်ထားသော ဗားရှင်းအသစ်အား မည်သို့ အသုံးချရမည်နည်း ဆိုတာကို ပို့ချသင်ကြားပေးမည့် ပင်တိုင်ညွှန်ကြားသူတစ်ယောက်ပင်။

"ငါတို့အခုသုံးနေတဲ့ system က လောလောလတ်လတ် ပြေးဆွဲနေတဲ့ အကြီးမားဆုံး ဆာဗာကြီး ခြောက်ခုမှာ သုံးလို့ရနိုင်ပြီး
system ကို အသုံးပြုရတဲ့ရလဒ်အနေနဲ့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာ Excel ထဲမှာ ကိန်းဂဏန်းတွေ များလာတဲ့အခါကျ လွယ်လွယ်ကူကူ ဖြေရှင်းလိုက်လို့ရမယ်"

လေ့ကျင့်ရေး ‌ဆင်းပေးသည့် ညွှန်ကြားရေးတာ၀န်ခံတစ်ယောက်အနေနှင့် ယွိကျန်းတုမှာ လူအများလေးစားစေရန် ပုံမှန်ထက် အ၀တ်အစားကို သားနားစွာ ရွေးချယ်၀တ်ဆင်ထားသည်။ သူ၀တ်ဆင်နေကျမဟုတ်သော
ကော်လံပါ ဖြူလွှလွှ ခေါက်ရာထင်း ရှပ်အင်္ကျီတစ်ထည်ကြောင့် သူ၏ ရုပ်ရည်သွင်ပြင်မှာ ပို၍ထက်ထက်မြက်မြက်ရှိနေခဲ့၏။

အသက်အရွယ်ပိုင်းအရ ငယ်ရွယ်သေးသည်ဆိုသော်ငြား သူ၏ စကားပြောပုံဆိုပုံ ၊ လေယူလေသိမ်း ၊ အဖြတ်အတောက်များ အပိုအလိုမရှိစွာ ရှင်းပြနေဟန်များကြောင့် လော့ဖုန်းကုမ္ပဏီရှိ ၀န်ထမ်းများအားလုံးအနေဖြင့် ယွိကျန်းတု ဆိုသူသည် နည်းပညာပိုင်းနှင့် ပတ်သတ်လာသော် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်ကြောင်း မဖြစ်မနေ လက်ခံထားလိုက်ကြရတော့သည်။

"ဒီဆာဗာတွေကို လည်ပတ်နိုင်ဖို့အတွက် အဓိက အသုံးပြ‌ုနေရတဲ့ စွမ်းအားရင်းမြစ်တွေက ကျွန်တော်တို့တွေရဲ့ တစ္ဆေဘုရင်ဆီကနဲ့ သူ့ကို ယုံကြည်သက်၀င်သူတွေရဲ့ တောင်းဆုတွေကနေ ရတာဖြစ်တယ်....
အဲ့အတွက်ကြောင့် ကျွန်တော်တို့တွေ တစ်ညီတစ်ညာတည်း သူဌေးကို ချီးကျူးဂါရ၀ပြုလိုက်ကြရအောင်ပါ.."
ယွိကျန်းတုက ပြောလည်းပြောရင်း သူကစပြီး ရှန်းချွယ့်အား လက်ခုပ်တီးပေးလိုက်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now