-34- (အတင်းအကြပ် ငွေကောက်ခံမှု)

2.4K 557 23
                                    

(Unicode)

၀မ်းဗိုက်တစ္ဆေအနေဖြင့် အခုနေ သူ ကောင်းယွင်၏ ၀မ်းဗိုက်ထဲမှ  မွေးဖွားလာလျှင် လျိုနင်းအန်၏ သွေးသားဖြစ်သွားမည့်အကြောင်း ယွိကျန်းတု၏ အသိပေးခြင်းခံရတော့မှ ဆက်စပ်မိသည်။

မူလကရှိနှင့်သော မောက်မာထောင်လွှားမိနေသည့် ဂုဏ်သိက္ခာများလည်း တမဟုတ်ချင်း ညှိုးကျသွားခဲ့၏။
၀မ်းဗိုက်တစ္ဆေက ဗိုက်ထဲမှနေ၍ စတင် ငိုကြွေးတော့သည်
"လျိုနင်းအန်က မကောင်းတဲ့ကောင်ကြီး...
ငါ သူ့ကို အဖေမခေါ်ချင်ပါဘူး"

ယွိကျန်းတုလည်း သက်ပြင်းတစ်ချချက်ပြလိုက်၍ ခေါင်းတွင်တွင် ယမ်းပြကာ..
"အဲ့တာပြောတာ!
လျိုနင်းအန်ဆိုတဲ့သူက အိုစာနေတဲ့ ခွေးမျိုးသာသာပဲ...
မင်းသာ အခုနေ မွေးလာပြီဆိုရင် အရင်လက်စား မချေရသေးခင် ခွေးမျိုးရဲ့ သွေးသား အရင်ဖြစ်လာရဦးမှာ..
မတန်ဘူးလေနော်"

၀မ်းဗိုက်တစ္ဆေက သဘောတူလာခဲ့၏။
သူက ဒေါကြီးသောကြီးဖြင့်
"ပြီးတော့ ဒီမိန်းမကိုလည်း အမေ မခေါ်ချင်ပါဘူး..ဒီမိန်းမက လုံး၀ အဆင့်မရှိဘူး"

ယွိကျန်းတု : "........................"
ဒါတော့ ငါမပြောဘူးနော်

ယွိကျန်းတုလည်း ကိုယ့်ပေါင်ကိုယ် တစ်ချက်ထုရိုက်လိုက်သည်။
"ဒါပေါ့ သူ့လို မိခင်တွေက မိခင်ကောင်းလို့ မခေါ်ထိုက်ဘူး"

"အဲ့တာဆို ငါ့ကို သူ မွေးပေးတာလည်း မခံနိုင်ဘူး"

ဘေးကနေ ဖြစ်ဖြစ်သမျှ ရပ်ကြည့်နေတဲ့ ရှန်းချွယ့် :"................"

တကယ်တော့ ၀မ်းဗိုက်တစ္ဆေလို တစ္ဆေမျိုးတွေအတွက် တစ်ခြားကိုယ်ခန္ဓာတစ်ခုကို အပိုင်စီးနိုင်ရန်မှာ မလွယ်ကူလှပါ။
အတိတ်မှာတုန်းကဆိုလျှင် ယခုကဲ့သို့ တစ္ဆေအမျိုးအစားတွေက ကိုယ်ခန္ဓာတစ်ခုခုကို အပိုင်စားရပြီးသည့်အခါကျရင် ထို ခန္ဓာကို လက်လွှတ်ဖို့ဆိုတာ သူတို့ သေသွားရင်တောင် ပြုလုပ်ရန်ငြင်းဆန်နေကြဦးမည့် ကိစ္စရပ်မျိုးဖြစ်သည်။
တစ္ဆေတစ်ပိုင်း လူတစ်ပိုင်းသို့ရောက်သွားသည့်အခါ ပိုင်ဆိုင်လာမည့် စွမ်းအားတွေက ရိုးရိုးမြေအောက်တစ္ဆေတွေထက် စာလျှင် ပမာဏလည်း များပြားကာ ယှဉ်နိုင်စရာတောင်မရှိချေ။
သို့အတွက် တစ္ဆေတစ်ပိုင်း လူတစ်ပိုင်း ဖြစ်ရဖို့က ၀မ်းဗိုက်တစ္ဆေများ၏  အိပ်မက်ထဲက ထိပ်ဆုံးနေရာမှာ ရှိသည့် အိပ်မက်ဟု ဆိုနိုင်ပေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now