-86- (အတု‌အယောင် ရုပ်ရှင်ပြသပွဲ)

1K 230 14
                                    

(Unicode)

ရုပ်ရှင်ရုံမန်နေဂျာနှင့် ၀န်ထမ်းတို့မှာ ကြောင်အမ်းသွားခဲ့ရချေသည်။ ၀န်ထမ်းက သရဲမ ဓားပြလာမှုအောက်မှာ အသင့်အနေအထား ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့သည်။ ခဏလေးအတွင်းပဲ သူ ခေါင်းကုတ်လိုက်၍ ပြောလိုက်မိ၏။

"အင် ဘာလို့ ဒီတစ်ခေါက် ဇာတ်၀င်ခန်းကကျ အရင်ကဟာတွေနဲ့ မတူတော့တာလဲ?"

ယွိကျန်းတုလည်း ထိုဝန်ထမ်းအား လှည့်ကြည့်လိုက်၍ အဓိပ္ပါယ်ပါပါဖြင့် မေးလိုက်ရ၏။

"မင်းတို့တွေ အခု မြင်နေရတာကို ရုပ်ရှင်အပိုင်းအစ လို့ပဲ ထင်နေတုန်းလား?"

၀န်ထမ်းပင် တစ်ခုခု လုပ်ဖို့မစွမ်းဆောင်နိုင်လိုက်သေးခင်မှာ မန်နေဂျာ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားရချေ၏။ ၎င်းက ယွိကျန်းတုအား မသေချာမရေစွာကြည့်လိုက်ရင်း တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးကြည့်လာသည်။

"မင်း ဘာစကားပြောလိုက်တာလဲ ?"

ထိုအချိန်မှာပဲ နားကွဲလောက်အောင် စူးရှလှသည့် အသံကျယ်ကြီးက ရုပ်ရှင်ရုံအလယ်မှ ပေါ်ထွက်လာခဲ့သည်။ အသံပိုင်ရှင်ကား ကျန့်ယန်ပင်။

"ခင်ဗျားတို့ ရုပ်ရှင်ရုံထဲမှာ သရဲရှိနေတယ် သရဲ?!!!!"

ယွိကျန်းတုမှာ ပါးစပ်ကို အတင်းစေ့ထားရသည်။
လော့ဖုန်းက ရှိရှိသမျှ တစ္ဆေတွေ ၀န်းရံခံရထားသည့် ကြားထဲက ကျန့်ယန်ကို ကြည့်လိုက်ပြီး သူ စိတ်ထဲ၌ ကျိန်ဆဲနေလိုက်မိ၏။

ဘရားသားရေ...အဲ့လောက် ကြောက်နေဖို့ မလိုပါဘူးနော်!

တစ်ချိန်တည်းမှာပဲ စခရင်ပေါ်က သရဲမက အော်ဟစ်လာခဲ့သည်။

"တကယ် တစ္ဆေတွေရှိနေတာ ငါ့ကောင်တွေရေးးး သူပြောတာ မှန်တယ်"

ယွိကျန်းတု :"..........."

၀န်ထမ်းမှာ တစ်စွန်းတစ်စသာ နားလည်ချေသည်။ သူသည်ကား မန်နေဂျာလောက် လျှာစောင်းမထက်ချေ။ သို့နှင့် အပေါက်၀သို့ ထွက်ပြေးရင်း ပါးစပ်ကလည်း စိတ်ထဲရှိသမျှ အော်ဟစ်ပစ်လိုက်တော့သည်။

"အားးးး ငါတို့ရုပ်ရှင်ရုံကြီးက သရဲခြောက်တယ်! ရုပ်ရှင်ရုံကြီး သရဲခြောက်ခံနေရပြီ!!"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now