▪︎ 1

2K 118 10
                                    

Unicode

"အဲ့ဒါ​ကြောင့်ကိုကို့ကို ​သေချာစစ်​ဆေးဖို့​ပြောခဲ့တာ​လေ။ အခုကျ​​တော့ဖြစ်ပြီ။ ​ဆောင်းဟွန်း​​​တော့စိတ်ဆိုး​​တော့မယ်။"

​​ဆောင်းဟွန်းနဲ့​​တွေ့တဲ့အခါကျ ​ပေးဖို့ဆိုကာယူလာ​သောလက်​ဆောင်ထုပ်က​လေးကိုပိုက်လျက် ဂျယ်ယွန်းသည်ဆူပုပ်စွာ​ပြော​လေသည်။ ဂျယ်ယွန်းရဲ့ရှုံ့မဲ့​နေတဲ့ပုံ​လေး​ကို အစ်ကိုလုပ်သူဂျယ်မင်းသည် စိတ်မဆိုးရက်ဘဲ အသည်းယားလျက်

"ဟုတ်ပါတယ်။ ကျွန်​တော်မျိုးကြီးမှားသွားပါတယ်ဗျာ။ ကားကို​သေချာစစ်ခဲ့ရမှာကို မစစ်ခဲ့မိလိုက်ဘူး။ ​သေ​လောက်တဲ့အပြစ်ကို ကျူးလွန်မိပါတယ်ခင်ဗျ။"

"​ဟော ဒါကရွဲ့တာလား။"

"မရွဲ့ရပါဘူးဗျာ။ ကိုကို့​ခွေး​ပေါက်​လေးက ချစ်ဖို့​ကောင်းလို့​လေ။"

အစ်ကိုလုပ်သူက စ​နောက်​နေသည့်တိုင် ဂျယ်ယွန်းသည်မပြုံးနိုင်။ ည​နေမ​စောင်းခင် အမီလာခဲ့မယ်လို့ ကတိ​ပေးထားသည်ကို မတည်နိုင်ဖြစ်​တော့မည်လို့​တွေးရင်း စိတ်ညစ်​နေသည်။ ဒါ​တောင်​စောထွက်လာခဲ့လို့။

"ခဏ​လေးဘဲ​စောင့်ပါကွာ။ ကားပြင်ဖို့​ခေါ်ထားတဲ့သူက ဒီနား​လေးတင်​နေတာ။ ​ဆောင်းဟွန်းဆီ​ပြောထားတဲ့အချိန်အတိုင်း​ရောက်​စေရမယ်။ ကတိ​ပေးတယ်။"

အစ်ကိုလုပ်သူက​ ​ချော့​မော့​ပြော​နေပြန်​တော့လဲ ဂျယ်ယွန်းကထပ်စိတ်​ကောက်​နေလို့မဖြစ်​တော့။ သူတို့နှစ်​ယောက်လုံး အခက်​တွေ့ကြ​နေတာအမှန်ဘဲ​လေ။

သူတို့ကားပျက်​နေသော​နေရာသည် မြို့ထဲသို့ဝင်ခါနီးငါးမိုင်​လောက်အလိုမှာဖြစ်သည့်အတွက် ကိုးလို့ကန့်လန့်ကြီး​လေ။ ကားနဲ့သွားရင်မြို့ထဲကို ဘယ်​လောက်မှကြာကြာမသွားရဘူးဆို​ပေမယ့် အခုကားကပျက်​နေ​တော့ လူကစိတ်သွားတိုင်းကိုယ်ပါလို့မရ​တော့။

ကားပြင်ဖို့လာမည့်သူကို ကားရပ်ထားသည့်လမ်း​ဘေးမှာ အထုပ်က​လေးကိုပိုက်လျက် ဂျယ်ယွန်းထိုင်​​စောင့်နေမိ​တော့သည်။ တစ်​အောင့်​လောက်ကြာ​​​​တော့ သူတို့ကားအနားကို ကားတစ်စီးရပ်လို့လာသည်။ ကားလာပြင်​ပေးတဲ့သူ​တွေမှတ်ပြီး ဂျယ်ယွန်းဝမ်းသာသွား​ပေမယ့် လာသည့်သူကကိုကိုနဲ့သိလို့ ကိုကို့ကိုဝင်နှုတ်ဆက်ရုံသာဖြစ်သည်တဲ့​လေ။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now