▪︎ 12

390 52 3
                                    

Uni

အိပ်ရာကနိုးတော့ ကြည်လင်စေတဲ့အနံ့အသက်လေးတစ်ခုကို ဆောင်းဟွန်းရလိုက်တယ်။ ရင်ထဲမှာတော့ ဘာမှန်းမသိဘဲ လေးလံနေသည်။

မျက်လုံးမဖွင့်သေးပေမဲ့ တိတ်ဆိတ်နေတဲ့အခန်းထဲ ကြားနေရတဲ့အသက်ရှူသံနီးနီးလေးဟာ ဂျယ်ယွန်းသူ့ခုတင်ပေါ် ရောက်နေတယ်ဆိုတာကို သိသာစေသည်။

ဂျယ်ယွန်းအနားရောက်နေတာသိပေမယ့် မျက်လုံးတော့ မဖွင့်ရဲသေး။ သူ့အဖြစ်က ဒီနေ့အိပ်ရာကနိုးရင် သေဒဏ်ကျခံရမယ့်လူတစ်ယောက်လိုဘဲ။ မထရဲဘူး။ ညက ဂျယ်ယွန်းအစချီနေတဲ့စကားတွေရဲ့ သရုပ်အမှန်ကို သူစိတ်ကူး‌နဲ့တောင် ပုံမဖော်ရဲဘူး။

"မင်းနိုးနေတာငါသိတယ်နော်။ ဘာလို့ဆက်အိပ်နေတာလဲ။ မနက်စာပြင်ထားတယ်။ ဆင်းလာခဲ့နော်။ မင်းနဲ့မှအတူစားမှာ။ ငါစောင့်နေမယ်။"

ဂျယ်ယွန်းကသူမလိုက်လာမှာစိုးဟန်ဖြင့် စကားတွေကို အသေအချာတိတိပပပြောသွားတယ်။ အဲ့နောက် အိပ်ရာထဖို့ကြောက်နေသေးတဲ့သူ့ကို နားလည်ဟန်ဖြင့် အခန်းထဲကထွက်သွားတော့သည်။

ဂျယ်ယွန်းထွက်သွားပြီးတဲ့နောက် ဆောင်းဟွန်းဆက်မအိပ်ဖြစ်တော့။ ဂျယ်ယွန်းက ဗိုက်ဆာနေတယ်တဲ့။ တကယ်လား။ တမင်ပြောတာလား မသိရတောင် ဂျယ်ယွန်းကိုသူမစောင့်စားစေချင်ပါ။

မျက်နှာသစ်ကိုယ်လက်သန့်စင်တာနဲ့ သွားတိုက်တာကိုအမြန်ဆုံးလုပ်ပြီးတဲ့နောက် အောက်ထပ်ကိုပြေးဆင်းလိုက်သည်။

ထမင်းဝိုင်းမှာကော်ဖီနဲ့မုန့်တွေ အကျအနပြင်ထားတဲ့ဂျယ်ယွန်းက အတောက်ပဆုံးအပြုံးလေးပြုံးပြီး သူ့ကိုဆီးကြိုနေခဲ့တယ်။ အဲ့အပြုံးက ဘာအတွက်များလဲ ဂျယ်ယွန်းရယ်။

ဂျယ်ယွန်းကပြုံးပြပြီးတဲ့နောက် စိတ်လေးနေတဲ့မျက်နှာထားဖြင့် မနက်စာစစားတယ်။ ဆောင်းဟွန်းက ဂျယ်ယွန်းနှုတ်ကနေ တစ်ခုခုစ‌ထွက်လာမှာကို ကြောက်နေခဲ့ပြီး ဂျယ်ယွန်းကနောက်တစ်ကြိမ် အလိုက်သိစွာဖြင့် နှုတ်ဆိတ်နေခဲ့ပြန်တယ်။

ဒီလိုနဲ့ဘဲ မနက်စာကိုအောင်အောင်မြင်မြင် စားပြီးသွားကြတယ်။ အဲ့နောက်တော့ဂျယ်ယွန်းက အိမ်ရှေ့ထွက်ပြီးခြံဝန်းထဲက ထိုင်ခုံမှာနေရာယူတယ်။ ဆောင်းဟွန်ကိုလည်း လှမ်းလို့ကြည့်ပြန်တယ်။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now