▪︎ 9

605 86 35
                                    

Unicode

​ဆောင်းဟွန်းတစ်​ယောက်အိပ်ရာကနိုးလို့ ထထွက်သွားတာကို ​မှေး​တေး​တေးဖြစ်​နေတဲ့ဂျယ်ယွန်းဟာ ခံစားမိလိုက်ပါသည်။ ​နေမ​ကောင်းတဲ့​ဝေဒနာ​တွေ မရှိ​တော့ဘူးဆို​ပေမယ့် အားနည်းချင်​နေတာ​ကြောင့်​ရော ဆက်အိပ်ချင်​သေးတာ​ကြောင့်​ရော မထ​သေးဘဲ​နေလိုက်သည်။

ဒီ​နေ့​ကျောင်းကိုလိုက်ချင်​ပေမယ့် မလိုက်ဖြစ်ဖို့က ရာခိုင်နှုန်းများလို့​နေသည်။ ထို့အတွက်စိတ်ညစ်မိ​ပေမယ့် ဟိုးအရင်​နေ့စွဲ​တွေတုန်းကအတိုင်း ​နွေး​ထွေးမှု​တွေပြန်လည်ပြည့်နှက်လာတဲ့ သူနဲ့​ဆောင်းဟွန်းဆက်ဆံ​ရေး​ကြောင့် ဂျယ်ယွန်း​ကျေနပ်​နေမိသည်။

​​ကျောင်းမသွားရလို့ဝမ်းနည်း​နေတာကို​တောင် ​သိပ်မ​တွေးနိုင်​လောက်သည်အထိ သူ့ရင်ထဲ​​ကောင်း​နေသည်။ ဒီလို​လေးဘဲအမြဲ​နေသွားချင်တယ်။

​​စောင်ပုံထဲဆက်​ကွေးရင်း မျက်နှာ​လေးမှာအပြုံးနုနု​လေး​တွေ​ရိုက်ခတ်​စေတဲ့ အ​တွေးလှလှ​လေး​တွေကို ​​တွေးလျက်​နေ​နေတုန်း

"​ဒေါက် ​ဒေါက်"

တံခါး​ခေါက်သံသဲ့သဲ့က နားထဲဝင်လို့လာသည်။ ​ဆောင်းဟွန်းနဲ့ကိုကိုသာ​ဆို တံခါး​ခေါက်မည်မဟုတ်။ ဒီ​​တော့ဖြစ်နိုင်​ချေရှိသည်မှာ မမဟွန်းမီသာဖြစ်သည့်အတွက်

"မမလား။ ဝင်ခဲ့လိုက်​လေ။ ကျွန်​တော်နိုး​နေပြီ။"

သူ့စကားအဆုံးမှာ တံခါးကပွင့်လို့သွားသည်။ သူ့စိတ်ထင်​နေသလို မမဟွန်းမီမဟုတ်ဘဲ အစ်ကိုဟီဆွန်းက အခန်းထဲဝင်လို့လာ​တာကိုမြင်ရ​တော့ ဂျယ်ယွန်းမှာ​ငေါက်ခနဲထထိုင်လိုက်ရသည်။ သူကဒီအချိန်ကြီး ဘာလာလုပ်တာလဲ။

"​ဆောင်းဟွန်း​ပြောလို့​လေ။ ဂျယ်ယွန်း​နေမ​ကောင်းဘူးဆိုပြီး။ အဲ့​ဒါစိတ်ပူလို့လာကြည့်တာ။"

သမားရိုးကျဂရုစိုက်ခြင်း၊ ခါတိုင်းလိုပဲ​စေတနာသန့်တဲ့ဂရုစိုက်ခြင်းလို့​တွေးပြီး ဂျယ်ယွန်းရင်ထဲ​နွေး​ထွေးမှု​တွေကို ထပ်မံခံစားလိုက်ရသည်။ ဒီအမျိုးသားဆီသူ့နှလုံးသား​​​လေး​​ရောက်​နေတယ်​ဆို​ပေမယ့် တစ်ဖက်လူဆီက​နေ ရိုးရိုးသားသား​ဂရုစိုက်ကြင်နာ​ပေးတာကိုသာ ဂျယ်ယွန်းအလိုရှိခဲ့သည်​လေ။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now