▪︎ 13

349 46 8
                                    

Unicode

"ငါဒါကိုဆက်မလုပ်နိုင်လောက်ဘူး ဂျယ်ယွန်း။ အစ်ကိုဟီဆွန်းက အခုလိုစိတ်ညစ်နေရဖို့ မထိုက်တန်ပါဘူး။ ငါသူ့ကိုအားနာတယ်။"

ဟီဆွန်းထွက်သွားသွားချင်းမှာတင် စိတ်ညစ်စွာပြောလာတဲ့ဆောင်းဟွန်းစကားကိုကြားတော့ ဂျယ်ယွန်းကခြောက်ကပ်ကပ်ရယ်တယ်။ တကယ်ကို ဖြစ်ချင်သလိုတွေဖြစ်နေတာပါလား။ ဘာလို့ ဘာပဲလုပ်လုပ် နာကျင်နေရတာလဲ။

"အားနာတယ်။ မင်းကအားနာတာဘဲရှိတာ။ ငါကတော့အပြင်မှာ ဟန်ဆောင်နေပေမဲ့ အတွင်းထဲတမြေ့မြေ့ပူလောင်နေမယ့် သူ့အကြောင်းကိုတွေးပြီးတော့ သူ့ထက်ကိုပိုနာကျင်နေတာ။ သူ့ရဲ့နာကျင်မှုတွေကို နှစ်ဆတိတိကို မျှဝေခံစားနေမိတယ်။"

"ရပ်လိုက်ကြရအောင်။ အခုဆိုအချိန်မီပါသေးတယ်။"

သူတို့တွေဟာ တခြားလူရဲ့စိတ်ခံစားချက်တွေကို ကောင်းစွာခန့်မှန်းနိုင်နေတဲ့အမျိုး။ တစ်ဖက်လူနာကျင်တာမြင်ရတော့ ရူးလောက်အောင်ပင်ပန်းလာကြတယ်။

"ဟင့်အင်း။ သူတခြားသူနဲ့ လပ်မထပ်တာသေချာသွားမှရပ်မယ်။ အရာအားလုံးကို မင်းအပြစ်တွေဆိုပြီး ခဏခဏမတွေးနဲ့ ဆောင်းဟွန်း။ အခုအချိန်မှာ အမှားတွေလုပ်နေတာကငါမို့လို့ မင်းကဒီအတိုင်း တောင့်ခံပေးနိုင်ရင်ဖြစ်ပြီ။"

ဆောင်းဟွန်းမှာ အငြင်းအခုံဆက်လုပ်ဖို့ရာအတွက် အားအင်မရှိတော့။ ဂျယ်ယွန်းက ကိစ္စတော်တော်များများအတွက် ဖြူစင်စွာသည်းခံပေးခဲ့တယ်။ အဲ့လိုစိတ်ထားကောင်းပေးခဲ့ရက်နဲ့ အခုတော့သူ့ကိုယ်သူ နာကြည်းဆိပ်တက်အောင် တမင်လုပ်နေသည်။

ဂျယ်ယွန်းပုံစံကိုမြင်နေရတဲ့ ဆောင်းဟွန်းအဖို့က ငရဲတစ်ခုထဲ ရောက်နေတယ်ဆိုလည်း မမှားပါဘူး။

သူသာအစ်ကိုဟီဆွန်းဆီ ပြန်သွားခဲ့မယ်ဆိုရင်ရော။ ဟင့်အင်း။ ဂျယ်ယွန်းက စိတ်ဆင်းရဲပြီးကျန်နေခဲ့ရမှာ။ အရင်းစစ်အမြစ်မြေကဆိုသလို သူသာစိတ်မကစားခဲ့ရင်ဆိုတဲ့ အတွေးကြီးက ခဏခဏဝင်လာတော့ အတိကိုစိတ်ဆင်းရဲလာရပြန်တယ်။

"မင်းအတွက်အခက်ခဲဆုံးတွေ ဖြစ်နေမှန်းငါသိပါတယ်။ အရာရာက မင်းအပြစ်တစ်ခုတည်းတော့ မဟုတ်ခဲ့ဘူး။ မင်းအပြစ်လို့ထပ်တွေးနေတာမျိုးတွေ့ရရင် ငါပိုဆိုးတာတွေ လုပ်မိလိမ့်မယ်။"

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now