▪︎ 6

553 77 25
                                    

Unicode

"​ကျောင်းမသွားချင်ဘူးလို့။"

"​​ကျောင်းမသွားရ​အောင် ​နေမ​ကောင်းဖြစ်တာကသားမှမဟုတ်တာ။ ဂျယ်ယွန်း​လေ။ ဂျယ်ယွန်း​နေပြန်​ကောင်းတဲ့အခါကျ စာ​တွေပြန်ကူးဖို့ဆိုသားက​​ကျောင်းသွားရမယ်​လေ။"

"မသွားဘူး။ ဂျယ်ယွန်းမပါဘဲ ​ကျောင်းမသွားချင်ဘူး။ ဂျယ်ယွန်းကအခုဆိုအိပ်ရာထဲလဲလို့​နေရမှာ။ သူ့ကို​အဲ့လိုလှဲခိုင်းထားပြီး ​ကျောင်းကိုမသွားချင်ဘူး။"

ဆယ်နှစ်အရွယ်​ကောင်​လေး​သေး​သေး​လေးဟာ အ​မေလုပ်သူနဲ့ အတိုက်အခံ​တွေ​ပြောလို့​နေတယ်။ ကိစ္စ​လေးက ​သေး​သေး​လေး​ပေမယ့် ထိုက​လေး​လေးက​​တော့ ကိစ္စကြီးတစ်ရပ်လိုဇာချဲ့​ပြော​နေခဲ့တယ်။ တကယ်တမ်းကျ သူ့အတွက်ဂျယ်ယွန်း​နေမ​ကောင်းဖြစ်တယ်ဆိုတာက သိပ်ကိုကြီးမားတဲ့ကိစ္စဖြစ်သည်။

"တစ်ရက်တ​လေ မသွားချင်လဲမသွားပါ​လေ့​စေနဲ့​ပေါ့။ ဂျယ်ယွန်းနဲ့သူနဲ့က ​ကော်ကပ်ထားသလိုဖြစ်​နေတာ မင်းမသိဘူးလား။"

​ကျောင်းဝတ်စုံ​တောင်အဝတ်မခံဘဲ ​နံရံမှာကပ်​နေတဲ့ ဆယ်နှစ်အရွယ်​ဆောင်းဟွန်းနဲ့ ​သားလုပ်သူကို​ချော့​ပြော​နေရတဲ့​ဆောင်းဟွန်းအ​မေတို့အကြားကို အ​ဖေလုပ်သူကဖျန်​ဖြေ​ပြောသည်။ အ​ဖေကသူ့ဘက်ပါ​တော့ ​ဆောင်းဟွန်းမှာတစ်မဲသာသွားသည်။

"ဂျယ်ယွန်း​နေပြန်​ကောင်းရင်ကျ နှစ်​ယောက်အတူစာ​တွေကူး​နေရတာထက်စာရင် သားကစာအကုန်ပြီး​​နေ​​​တော့ ဂျယ်ယွန်းအတွက်စာပိုကူး​ပေးလို့ရတယ်​လေ။ အဲ့ဒါကပိုမ​​ကောင်းဘူးလား။"

အ​ဖေကခဏဘဲဝင်ပါပြီးပြန်ထွက်သွားတာ​ကြောင့် အ​မေသည်မ​လျှော့ဘဲ ထပ်​ပြောသည်။ ဒီတစ်​​ခေါက်​တော့​ဆောင်းဟွန်း​တွေ​ဝေသွားသည်။ အ​မေ​ပြောတာကလဲဟုတ်သည်။

"ဒီလိုလုပ်မလား။ ဒီ​နေ့​ကျောင်းကပြန်ရင် ဂျယ်ယွန်းဆီအ​မေလိုက်ပို့​ပေးမယ်​လေ။ သူ​နေပြန်​မ​ကောင်း​သေး​တောင် သားကစာကူး​ပေးခဲ့လို့ရတာဘဲ။ ​ကျောင်းမသွားဘဲ အိမ်မှာတစ်​နေ့လုံး​နေမလား။ ​ကျောင်းသွားပြီးမှဂျယ်ယွန်းတို့ဆီလိုက်ပို့တာကိုခံမလား။ သားကြိုက်ရာ​ရွေးလို့ရတယ်​နော်။"

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now