▪︎ 5

523 76 19
                                    

Unicode

ဟီဆွန်းရဲ့ဒဏ်ရာဟာ အရင်ကတည်းက ပြင်းထန်သည့်အထဲမပါ။ ဆရာဝန်​ပြောတဲ့အချိန်တစ်ခုကိုယူပြီးသည့်​နောက်​ဆေးရုံကဆင်းရခဲ့သည်။ ​ကျောက်ပတ်တီးမ​ဖြေရ​ခင်စပ်ကြား​တော့ အိမ်မှာသာ​နေ​နေ​ရ​လေသည်။ တကယ်​တော့ဟီဆွန်းဟာ အလုပ်သွားနိုင်ပါတယ်။ ​ဆောင်းဟွန်းအစ်မဟွန်းမီက သူ့အလုပ်​တွေကိုတာဝန်ယူ​ပေးထားမယ်ဆို​တော့ သူလဲထပ်မငြင်း​တော့။

ဘာပဲဖြစ်ဖြစ် အိမ်မှာခဏတစ်ဖြုတ်အနားယူလိုက်တာကလဲ ဆိုးတဲ့အကြံမဟုတ်ဘူး​လေ။

ဟီဆွန်းကိုအနားယူ​စေတဲ့အဓိကအ​ကြောင်းအရာဟာ ​ဆောင်းဟွန်းသာဖြစ်​လေသည်။ သူအိမ်မှာ​နေ​နေတဲ့​တောက်​လျှောက် ​နေ့တိုင်းလိုလိုအိမ်ကိုလာပြီး အစား​အ​သောက်ပို့​ပေး၊သန့်ရှင်း​ရေးလုပ်​ပေးတဲ့အပြင် ဟီဆွန်းကိုလဲ အချိန်လုံလုံ​လောက်​လောက်​ပေးစကား​ပြော​တော့ ဟီဆွန်းမ​ကျေနပ်ဘဲ​နေမလား။

သူ​​ဆေးရုံမှာ​နေ​နေရတဲ့​တောက်​လျှောက်က​တော့ ဂျယ်ယွန်းနဲ့သာ​နေခဲ့ရတာများသည်။ အဲ့တုန်းက ဟီဆွန်းဟာအ​တော်အ​နေခက်ခဲ့တာပါ။ ဒါ​ပေမယ့်အဲ့အချိန်မှာ အ​နေခက်ခဲ့တာဟာ ဟီဆွန်းတစ်​ယောက်တည်းမဟုတ်။ ဂျယ်ယွန်း​ရောပင်။

ထိုကာလ​တောက်​လျှောက်မှာ ​ဆောင်းဟွန်းဘာ​တွေလုပ်​နေခဲ့မှန်း ဟီဆွန်းတို့​တ​တွေနားမလည်ပါ။ အခုကျ​တော့လဲ ​ဆောင်းဟွန်းသည်အ​တွေး​ပြောင်းသွားဟန်တူသည်။ ရုတ်ချည်းဆိုသလို ချစ်သူဝတ္တရား​တွေ​ကျေပွန်လာသည်။

ဟီဆွန်းအ​နေဖြင့် အခုလိုဂရုစိုက်မှုမျိုးမဟုတ်​တောင် သူ့ရဲ့ဂရုစိုက်မှု​တွေကို ​ဆောင်းဟွန်းက​ကျေ​ကျေနပ်နပ်ခံယူဖို့​လောက်ကိုပဲ လိုချင်မက်​မော​ခဲ့သည်။ အခုအ​နေအထား​လေးက​တော့ ပိုသိမ်​မွေ့ပြီး​​မွေ့​လျော်ချင်စရာ​ကောင်းပါတယ်​လေ။

"​​ကျွန်​​တော်လာမှထမင်းစားဖို့ ကိုကို့ကို​ပြောထားတယ်​လေ။ ဘာလို့ကြိုစားထားနှင့်တာလဲ တကယ်ဘဲ"

လက်တစ်ဖက်မှာ​ကျောက်ပတ်တီးကိုင်ထားပြီး ​နောက်လက်တစ်ဖက်ဖြင့် ပန်းကန်​ဆေး​နေရတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်။ သို့​သော်လဲ​ဆောင်းဟွန်လာရင် အလုပ်ပိုမှာကိုစိုးရိမ်သည့်ဟီဆွန်းဟာ ထမင်း​စောစားပြီး ပန်းကန်​တွေ​ဆေး​နေနှင့်သည်။ ထမင်းစားဖို့ကိုလဲ ကိုယ့်ဘာသာပြင်ရတာက အနည်းငယ်​တော့ကသီ​လေသည်။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now