▪︎ Final

880 52 8
                                    

UNICODE

ခုံတန်းပေါ်မှာထိုင်ရင်း ဂျယ်ယွန်းတစ်ကိုယ်လုံးယားသလိုယံသလို ပူသလို‌အိုက်သလို ရင်ထဲမှာဘဲဟာတာနေသလိုဖြင့် အ‌လှမ်းဝေးဝေးတစ်နေရာကို လှမ်းမျှော်ကြည့်နေမိသည်။

အစ်ကိုဟီဆွန်းက ဆောင်းဟွန်းဆီဖုန်းဆက်ကြည့်မှာတဲ့။ သူဘာတွေပြောချင်နေလဲ မသိနိုင်ပေမယ့် ဆောင်းဟွန်းကိုအရင်ပြောချင်တယ်တဲ့။

သူမကြားအောင်နည်းနည်းဝေးတဲ့နေရာကိုသွားပြီး အတော်ကြာကြာနဲ့ ပြန်မလာတာကို ကြည့်ခြင်းအားဖြင့် ဆောင်းဟွန်းနဲ့စကားတွေပြောဖြစ်နေတာ သေချာပါပြီလေ။

ဘယအကြောင်းတွေများဖြစ်လေမလဲ။ မရိုးမယွဖြစ်လှသည့် စိတ်အခြေအနေကြောင့် လိုက်နားထောင်ကြည့်ချင်စိတ်တွေမှာ တဖွားဖွား။ မဖြစ်ပြန်။ အစ်ကိုဟီဆွန်းကတောင် အမှန်အတိုင်းပြောပြီး ဖုန်းသွားပြောနေတဲ့ဟာ။ သူကစည်းမရှိဘဲ လိုက်နားထောင်တာကတော့ မဖြစ်သင့်သေး‌ဘူးထင်ပါရဲ့လေ။

အချိန်တန်ရင်သူသိရမယ့်စကားတွေပါဘဲ။ ဘယ်လိုတွေပဲဖြစ်လာလာ နောင်တမရဖို့ကိုတော့ ဂျယ်ယွန်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတိပေးထားတယ်။ အဘယ်ကြောင့်ဆိုသော် တခြားလူတစ်ယောက်နဲ့အတူ မိသားစုထူထောင်သွားမယ့် အစ်ကိုဟီဆွန်းကို မြင်ရတာထက်စာရင်တော့ အခြားနည်းလမ်းတွေက အများကြီးအဆင်ပြေလောက်မှာပါ။

"စောင့်နေရတာကြာသွားပြီလား။"

အစ်ကိုဟီဆွန်းက အချိန်အတော်ကြာကြာ ဖုန်းပြောပြီးတဲ့နောက် သူ့အနားကိုပြန်ရောက်လာတယ်။ ဂျယ်ယွန်းခေါင်းကိုသာ ငြိမ့်ပြလိုက်တယ်။

အစ်ကိုဟီဆွန်းနဲ့က အမြဲတွေ့လို့တော့ မဖြစ်ဘူးဘဲ။ အနေအတော်ကြာပြီးမှ ပြန်တွေ့ရလို့ထင်တယ်။ မြင်တာနဲ့ ပိုပြီးပိုင်ဆိုင်လာချင်ခဲ့တယ်။ အစ်ကိုဟီဆွန်းက သူ့ဘေးကိုဝင်ထိုင်လာတယ်။ ဘာမှလည်းစားချင်စိတ်မရှိတာကြောင့် လူသွားလူလာနည်းတဲ့ ပန်းခြံတစ်ခုစီကိုသာ သူတို့ထွက်လာခဲ့တယ်။

သစ်ရွက်တွေကလေရဲ့စေလိုရာအတိုင်း ကခုန်နေရရှာတယ်။ ကံကြမ္မာရဲ့အလိုအတိုင်း လူးလိမ့်နေခဲ့တဲ့ သူတို့တွေလိုပေါ့။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now