▪︎ 3

597 83 8
                                    

Unicode

အ​ပေါ်ထပ်က​နေ​အောက်ကိုပြန်ဆင်းသည့်​တောက်​လျှောက်မှာ ​ခြေလှမ်း​တွေမမှား​စေဖို့အ​ရေး ဂျယ်ယွန်းဟာသူ့ကိုယ်သူမနည်းထိန်းသိမ်းခဲ့ရသည်။ ထိတ်လန့်​နေသည့်စိတ်နှလုံးရဲ့ရိုက်ခတ်မှု​ကြောင့် ကိုယ်ခန္ဓာငယ်​လေးဟာ တုန်ချိ​နေသည်။ လိ​​မ္မော်ရည်ခွက်ကိုလဲ မ​မှောက်​အောင်ထိန်းကိုင်ခဲ့ရသည်။

လိ​​မ္မော်ရည်ခွက်ကို သင့်​တော်သည့်​နေရာကိုထားပြီးသည့်​နောက်မှာ​တော့ ​ဂျယ်ယွန်းဟာဘာကိုစ​တွေးလို့​တွေးရမှန်းမသိ လမ်း​တွေ​​​ပျောက်​နေခဲ့ရတယ်။

ဒီဖြစ်အင်မှာ သူ့ကိုယ်သူကလွဲလို့ ဘယ်သူ့ကိုမှအပြစ်မတင်ရဘူးလို့ ဂျယ်ယွန်းဟာစိတ်ထဲအထပ်ထပ်ဆို​နေခဲ့ရသည်။ တကယ်တမ်းကျ သူမှားခဲ့တာမလား။ ဟင့်အင်း။ ဘယ်သူ့ကို​တော့နစ်နာပါ​စေဆိုပြီး သူရည်ရွယ်​နေတာမှမဟုတ်တာ။

မ​​မျှော်လင့်ဘဲ ရမ်းသမ်းချစ်ခဲ့မိတာကအမှား​တော့မဟုတ်ဘူးမလား​။ သူ့အချစ်ကိုအဆိပ်ဖြစ်​စေဖို့ ဘယ်တုန်းကမှ မ​​တွေး​တောဖူးဘူး။ အရင်ကတည်းက ကြိတ်ချစ်​နေရရင်ကို ​ပျော်ခဲ့တာ​လေ။ အခုအဲ့စိတ်ကို ဖြည်းဖြည်းချင်းရုတ်သိမ်းကြည့်လိုက်ရင် အဆင်​ပြေသွားမယ်မဟုတ်ဘူးမလား။

ဟုတ်တယ်။ ဘယ်သူမှမသိတဲ့အချစ်တစ်ခုကို ကိုယ့်ဘာသာမျိုချထားရင် ဘယ်သူ့အတွက်မှ ​ဘေးဖြစ်မှာမဟုတ်​တော့ဘူး။

သူ့ကိုယ်သူ နှစ်သိမ့်လိုက်၊တွန်းအား​ပေးလိုက်ဖြင့် ဂျယ်ယွန်းမှာ အဇ္ဇုတ္တ​တိုက်ပွဲဖြစ်လို့​နေရတယ်။ ဝမ်းလဲဝမ်းနည်းတယ်။ ​အပြစ်ဖြစ်မှာကို ကြောက်လဲ​ကြောက်တယ်။ စိတ်ထဲဆို့နင့်​နေတာဘဲ။ ဘယ်​လောက်မှသက်တမ်းမရှိ​သေးတဲ့အချစ်တစ်ခုက လူကိုဒီ​လောက်​ဆွေးမြည့်​စေရသလား။

ချစ်သူရှိ​နေသည့်အ​ကြောင်း သူ့ကိုမ​ပြောသည့်​ဆောင်းဟွန်းကို အရင်စိတ်နဲ့သာဆို စိတ်ကွက်မိမှာဆို​ပေမယ့် အစ်ကိုဟီဆွန်းနဲ့ပတ်သတ်ပြီးခံစားရတဲ့စိတ်က ပိုဆိုး​နေတာ​ကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်​တွေသာ ပိုလို့​နေသည်။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Where stories live. Discover now