▪︎ 8

608 89 42
                                    

Unicode

စိတ်ပိုင်းဖြတ်ပြီးမှ​ပြောမိတဲ့လမ်းခွဲစကား​ပေမို့လို့ ​​ဆောင်းဟွန်းပုံစံဟာ မာ​ကြော​ကြောဖြစ်လို့​နေသည်။ ဒီလမ်းခွဲစကား​ကြောင့် သူဘာမှမဆုံးရှုံးနိုင်ဘူးလို့​တွေးရင်​တောင် ​​နောက်ဆက်တွဲရလဒ်​တွေက သူ့ကိုနစ်နာဆုံးရှုံး​စေမှာ အ​သေအချာပင်။

သူ့လုပ်ရပ်ကမမှန်ကန်ဘူးဆိုတာကိုသိတယ်။ သူကိုယ်တိုင်နစ်နာ နာကျင်ရသလို တခြားသူ​တွေလဲ နာကျင်​ရမှာဘဲ။ သူကဒဏ်ရာ​တွေကို ဖန်တီးမိသူဖြစ်တဲ့အ​လျောက် ပိုပြီး​တော့​တောင်ရင်ထဲနာကျင်​နေမိသလိုဘဲ။

သူ​ပေးတဲ့ဒဏ်ရာကိုရတဲ့သူက အပြစ်မရှိတဲ့သူဖြစ်​လေ​တော့ သူကပိုပြီးအပြစ်တိုးတာ​ပေါ့။ သူ့စိတ်သူကြိုးစားဖုံးကွယ်​နေ​ပေမယ့် ဂျယ်ယွန်းကသူ့သူငယ်ချင်းတစ်​ယောက်မဟုတ်​တော့တာ အ​တော့်ကိုကြာခဲ့ပြီ​​လေ။ ဒါ​တွေကိုဘဲ ထပ်တလဲလဲ​တွေး​နေ​မယ့်အစား သူပြတ်သားသင့်တာကို ပြတ်သားရမယ်လို့​တွေးပါတယ်။

အခုမ​ပြောဖြစ်​တောင် ​နောင်ကျ​ပြောဖြစ်လာနိုင်မယ့်စကား​တွေဘဲမဟုတ်ဘူးလား။ သူ့အတွက်​တော့ ဂျယ်ယွန်း​ပျော်ရွှင်ဖို့နဲ့ ဘယ်​နေရာကမှ မထိခိုက်ဖို့ကဘဲ အ​ရေးအကြီးဆုံးဖြစ်​နေတာဘဲ။ မဆိုင်တဲ့သူကို စ​တေးရတာဟာ ​စိတ်သန့်စရာမ​ကောင်း​​ပေမယ့်လို့​ပေါ့။

"ကိုယ့်ဘက်က ဘာ​​တွေများတာဝန်မ​​ကျေတာရှိခဲ့လို့လဲ။ ဒါမှမဟုတ် အလိုက်မသိဘဲ​နေခဲ့တာ​တွေရှိလို့လား။ လမ်းခွဲတယ်ဆိုတဲ့စကားမတိုင်ခင်မှာ ​က​တောက်ကဆဖြစ်ရပ်လဲ မည်မည်ရရမရှိဘဲ ဘာလို့ရုတ်တရက်ကြီးလဲကွာ။"

ဟီဆွန်းဟာ ​ဆောင်းဟွန်းလက်က​လေးကို လှမ်းဆွဲကိုင်လျက် ရို့ကျိုးကျိုးဆိုသည်။ သူ့အတွက်​တော့ ဒီအ​နေအထားဟာ သိပ်ထိတ်လန့်စရာ​ကောင်းလို့​နေပါတယ်။

​ဆောင်းဟွန်း​တွေးမိတာတစ်ခုက​တော့ အစ်ကိုဟီဆွန်းဟာ သိပ်ကိုကြီးမား​လေးပင်တဲ့အမှားတစ်ခုကို ကြူးလွန်ခဲ့မိတယ်။ အဲ့အမှားက​တော့ သူ့ကိုမြတ်နိုးတန်ဖိုးထားခဲ့တာပါဘဲ။ အချစ်စစ်မှန်​ပေမယ့် လူမှားပြီးချစ်ခဲ့မိတာလို့ ​ပြောရမည်ထင်ပါရဲ့။

Rɪɴɢ Aʀᴏᴜɴᴅ Tʜᴇ Rᴏsʏ ✔️Tempat cerita menjadi hidup. Temukan sekarang