" သခင်လေး အဆင်ပြေပါ့..... "
" ရတယ်..... "Taehyung တစ်ခုသာပြောပီး Camera Lights များ တဖျတ်ဖျတ်လတ်နေသော အခန်းတွင်းထဲသို့ ဝင်ခဲ့သည်.....
ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမည်...." တစ်ခုလောက်မေးချင်ပါတယ်..... Kim Taehyung Shi....ခင်ဗျားနဲ့ Jeon Jungkook နဲ့ ဘယ်လိုစတွေ့ပီး ဒီလိုလက်ထပ်ပွဲ ကြေညာရတဲ့အကြောင်းလေးသိချင်ပါတယ်ခင်ဗျ.... "
" ဟုကဲ့ ကျွန်တော်က တကယ်တော့ သူနဲ့ ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာတဲ့သူပါ.... ဥက္ကဌ Jeon က ကျွန်တော့်ကိုမွေးစားခဲ့ပီး ဒီလိုမျိုးပျိုးထောင်ပေးခဲ့ပါတယ်..... "
" ဒါဆို Kim Taehyung Shi ခင်ဗျားနဲ့ Jungkook နဲ့က ငယ်ချစ်တွေပေါ့နော်.... "
" ဟုပါတယ်.... "
" ဒါပေမယ့် မိန်းခလေးတွေနဲ့ သတင်းထွက်နေတာကျတော့ရော.... "
" ဪ ဒါကတော့ ရှင်းရှင်းလေးပါ မိန်းခလေးတွေက ငွေမက်တော့ သူ့နားကပ်ကြတာများပါတယ်.... အဲ့တာတွေကြောင့်လည်း သူစိတ်ညစ်ခဲ့တာရတွေအများကြီးပါ.... ပီးတော့ ဒီလက်ထပ်ပွဲကိုကြေညာရတာကလည်း အဲ့လိုမိန်းခလေးတွေ နောက်ထပ် အနားမကပ်ရဲအောင် အသိပေးလိုက်တဲ့သဘောပါ..... "
" ဒါပေမယ့် Han Yura နဲ့ယူမယ်ဆိုပီး သတင်းထွက်နေတာ အမှန်ဟုပါသလား Kim Taehyung Shi.... "
" ဟက် အဲ့တာတွေက အလကားပါ..... ခုလို ကျွန်တော် သတင်းစာရှင်းလင်းပွဲ လုပ်ရတာကလည်း အဲ့လိုသတင်းထွက်တာတွေကို ဖြေရှင်းပေးတဲ့သဘောပါ..... ကျေးဇူးပြု၍ မဟုတ်တဲ့သတင်းတွေကို မယုံပါနှင့်.... "
" ဟုကဲ့ ခုလိုဖြေကြားပေးတဲ့အတွက် Kim Taehyung ကို ကျေးဇူးတင်ပါတယ်.... "
" ဟုကဲ့ ရပါတယ် ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါ..... "သတင်းထောက်များကြားမှ Taehyung တည်ငြိမ်စွာ စင်ပေါ်မှ ဆင်းလာခဲ့သည်.....
အနားရှိ Yoon Lay ကတော့ လိုက်ကာပေးနေ၏။
နောက်တော့ ပင်ပန်းလွန်းသဖြင့် အိမ်သို့သာ ပြန်လာခဲ့သည်....
တကယ်တော့ Taehyung လူများသည်ကိုမကြိုက်ပါ.....
Camera မီးများကိုလည်း သိပ်မခံနိုင်.....
မေးခွန်းများအား အပြုံးလှလှလေးဖြင့် ဖြေရသည်ကိုတောင် အလိုလိုမုန်းနေမိသည်....
ကားပေါ်တွင် ထိုင်နေရင်းမှ ဟိုတျောက် ဆွေ့ဆွေ့ခုန်နေမည့်အရေးတွေးကာ ကကြီးပုံနှုတ်ခမ်းလေးက အလိုလို ပြုံးမိသွား၏။
YOU ARE READING
VICTORIA[ COMPLETED ]
FanfictionI'm loyal , cruel , chill even I don't have a heart to love someone . They called me Psycho Taehyung but I called myself " VICTORIA " . Jeon Jungkook X Kim Taehyung X Min Yoongi