10 [ Z + U ]

2.8K 224 20
                                    

နွေးထွေးသွားသည့် ခံစားချက်နှင့်အတူ Taehyung အိမ်ဆီသို့ ပြန်လာခဲ့၏။
အိမ်ရောက်ရောက်ချင်းတွေ့လိုက်ရသည်က ဧည့်ခန်းထဲရှိ Sofa ပေါ်တွင် ထိုင်ရင်း TV ကြည့်နေသောသူ.......
သူ့အား မြင်လိုက်ရသောအခါ Taehyung ၏ အပြုံးတစ်ချို့က ပျောက်ကွယ်လုနီးပါး.....



" မင်း ဘယ်တွေသွားနေတာလဲ Jeon Taehyung...... "


နူးညံ့မှုမရှိဘဲ တင်းမာသော လေသံဖြင့် သူ့အား စိုက်ကြည့်ကာ မေးလာ၏။
" ငါ့ဘာငါ ဘယ်သွားသွား မင်းနဲ့ ဘာဆိုင်လို့လဲ..... "
" ဆိုင်တယ် ဆိုင်လို့မေးနေတာ ဟိုကောင် မင်း သခင်လေး ဘယ်ကပြန်လာတာလဲဆိုတာ ပြောစမ်း...... "
" Yoon Lay မပြောနဲ့ ပြောစရာအကြောင်းကို မရှိဘူး...... ကြားတယ်နော်..... "
" ဟုကဲ့ သခင်လေး..... "
" ဟက် လိုက်လည်းလိုက်ပါတယ် သခင်နဲ့ သူ့ကျွန်နဲ့က...... "
" မင်း မရိုင်းနဲ့နော် သူက ဘယ်သူ့ကျွန်မှမဟုတ်ဘူး..... "



Yoon Lay အား ကျွန်ဟု သုံးနှုန်းလိုက်သောကြောင့် Taehyung ဒေါသထွက်သွားမိသည်......
တကယ်တော့ Taehyung သူတစ်ပါးအားနှိမ်ပြောခြင်းကို အရမ်းမုန်းပါသည်.....
ပီးတော့ Yoon Lay က သူ့ကျွန်မဟုတ်.....
အနားတွင်နေကာ ကူညီပေးသူ ညီတစ်ယောက်အဖြစ်သာ Taehyung သတ်မှတ်ထားသူ......
ဒီလိုမျိုးပြောလာသည်မို့ ရင်ထဲမခံချိမခံသာဖြစ်မိ၏။
အနားတွင်ရပ်နေသော Yoon Lay မှာ ခေါင်းကြီးအား ငုံ့လျက်.....
ခပ်စိမ်းစိမ်းစိုက်ကြည့်နေသော Jungkook အား မသိကျေးကျွန်ပြုကာ အပေါ်ထပ်သို့သာ တတ်လာခဲ့သည်.....
မမြင်ချင်ပါဘူးဆိုမှ...... ဘာလို့တွေ့တွေ့နေရတာလဲ......



Jungkook, Yoon Lay အား ဘာမျှဆက်မမေးတော့ဘဲ ခြံထဲသို့သာ ဆင်းလာခဲ့သည်.....
စိတ်ထဲတွင် မကြည်သည်မို့ အရာရာအား ကန်ကျောက်နေချင်မိသည်......
ဒါလေးမေးတာ ဘာဖြစ်သလဲ......
ငါက သူ့‌ယောကျာ်းပဲ ဒါလေးတောင်မေးခွင့်မရှိဘူးလား.......
သူက ဘာလို့ ဟိုကောင်ကိုပဲ လိုက်ကာပေးနေရတာလဲ......
စိတ်တိုတိုဖြင့် တစ်ယောက်တည်းပြောချင်ရာပြောကာ ပန်းခြံလေးထဲ ထိုင်နေမိသည်......
ခြံလေးထဲတွင် ပန်းပင်လေးများက အစီအရီ......
တကယ်တော့ သူ ဒီနေရာကို ရောက်တောင်မရောက်ဘူးခဲ့......
ရှိမှန်းတောင် ယခုမှသိသည်.....
အစိုက်များဆုံးက Lavender ပန်းလေးများ.......
မွှေးကြိုင်သော ရနံ့များအား ရှုရှိုက်ရင်း စိတ်အနည်းငယ် ကြည်လာသလို.......
ခရမ်းရောင် Lavender ပန်းလေးအား တစ်ပွင့်ချိုးကာ ကိုင်ကြည့်မိ၏။



VICTORIA[ COMPLETED ]Where stories live. Discover now