23 [ Z + U ]

2.4K 194 15
                                    

Jungkook စိုးရိမ်တကြီးဖြင့် ရေခဲကွင်းဆီသို့ ထွက်လာခဲ့သည်.....
မြို့နှင့် သိပ်မဝေးသော နေရာမို့ သိပ်မမောင်းလိုက်ရ......
သူရောက်တော့ ကွင်းတစ်ကွင်းလုံးက တိတ်ဆိတ်ကာ လူရိပ်လူယောင်ပင်မမြင်ရချေ......
အထဲသို့ဝင်လိုက်တော့ ကွင်းထဲတွင် ခြေပစ်လက်ပစ်ထိုင်နေသော ကောင်လေး......
ကလေးတစ်ယောက်ပမာ ရေခဲကြမ်းပြင်အားခြေဆောင့်နေသော ကောင်လေးက တကယ်အသဲယားဖွယ် ကောင်းနေလျက်.....
ဟိုဟိုဒီဒီကြည့်မိတော့ Min Yoongi ဆိုသူလည်းရှိမနေ......
သူ ဘယ်ရောက်နေတာလဲ......
ကွင်းထိပ်နားသို့သွားရန်ပြင်နေဆဲ မတ်တပ်ထရပ်ကာ ချော်ကျမလိုဖြစ်နေသော ကောင်လေးကြောင့် သူအလျင်အမြန်ပြေး၍ သွားပွေ့မိသည်.....
သွားပွေ့လိုက်တော့ တစ်ချက်တွန့်သွားသော ကိုယ်ငယ်လေးနှင့်အတူ ထွက်ပေါ်လာသည်က စူးရှရှ Lavender ရနံ့တစ်ချို့........
ပီးတော့ တခစ်ခစ်ရယ်လျက် Min Yoongi ဟု ထင်မှတ်ကာ စကားပြောနေပြန်သေး၏။
ဘာတဲ့ Hyung တဲ့.....











အမြင်ကတ်သဖြင့် စကားမပြောဘဲနေမိတော့ တခဏလောက် ငြိမ်သွားပြန်၏။
တကယ်လို့ သူ့နေရာမှာ ဟိုကောင် Min Yoongi သာ ဖြစ်နေမယ်ဆိုရင်တော့......
စိတ်ထဲမှ ဖြစ်ပေါ်လာသော မနာလိုမှု ၀န်တိုမှုများစုပေါင်းကာ ထိုကောင်လေးအား ပညာပေးချင်လာမိသည်......
ခါးသွယ်လေးမှ ကိုင်ကာ ရေခဲပြင်ပေါ်တွင် စီးမျောတော့ အလိုက်သင့်ပါလာသော ကိုယ်လေး.....
အငြိမ်မနေဘဲ စကားတတွတ်တွတ်ပြောနေပြန်သေး၏။
နောက်တော့ ညောင်းသည်ဟုဆိုကာ ဂျီကျလာပြန်သည်....
ပီးတော့ တစ်ခါမျှမကြားဖူးသည့်စကားတစ်ချို့......
ကျေးဇူးတင်တယ် Hyung တဲ့.....
ပြောနေတဲ့ပုံက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ကို......
ဒါဆို သူနဲ့ဟိုကောင်နဲ့ ဆက်ဆံ‌ရေးက ဘယ်လိုမျိုး......
စိတ်တိုစွာဖြင့် စကားဆက်မပြောဘဲ ပေနေမိသည်......
အတန်ကြာတော့ ထိုကောင်လေးစိတ်မရှည်ဟန်ဖြင့် တစ်ဖက်သို့ လှည့်ကြည့်လာ၏။
သူ့ကိုမြင်တော့ အံ့ဩသွားသည့်ပုံနှင့်အတူ ပါးစပ်လေးက အဟောင်းသား.....
အလန့်တကြား ဖက်တွယ်လာသည့် လက်ကလေးတို့ကြောင့် Jungkook ပြောရန်စကားတို့ပျောက်ရှခဲ့သည်.....
နောက်ဆုံး အအေးဓာတ်ကြောင့်နီရဲနေသော နှုတ်ခမ်းပါးလေးကို အနမ်းခြွေမိသည်အထိ......








VICTORIA[ COMPLETED ]Where stories live. Discover now