24 [ Z + U ]

2.4K 203 26
                                    

အံ့ဩသော မယုံကြည်နိုင်သော လက်ခံနိုင်ဖွယ်မရှိသော ဖြစ်ရပ်တစ်ခုအား မြင်နေရသည့်နှယ် Jungkook ထိတ်လန့်လာမိသည်......
ဟိုအမျိုးသမီးကတော့ ပြုံးရယ်လျက် ကျန်သည့်သူများနှင့် စကားပြောနေ၏။
အနားရှိ Taehyung မှာလည်း ထိုအမျိုးသမီးနှင့် ရင်းရင်းနှီးနှီး....
ဒါဆို Min Yoongi ရဲ့အဒေါ်ဆိုတာ......
Kim Taehyung ကိုမွေးဖွားပေးခဲ့တဲ့ သူ......
စိတ်ခြောက်ခြားစွာဖြင့် ထိုကောင်လေးလက်အား စောင့်ဆွဲကာ နေရာမှ ချက်ချင်းထွက်လာခဲ့သည်....








" လွှတ် လွှတ် Jungkook မင်း ဘာဖြစ်နေတာလဲကွာ လူကို..... "
" အိမ်ပြန်မယ် Jeon Taehyung..... "
" ဟာ ငါကဘာလို့ ပြန်ရမှာလဲ ဒီမှာ လူတွေအများကြီးရှိနေတာကို..... မင်းပြန်ချင်ပြန်..... "
" မရဘူး မင်းပါပြန်ရမယ်..... ဒီပွဲကို ငါသဘောမကျဘူး..... "
" တော်တော့ Jeon Jungkook မင်း ပြဿနာရှာတာတွေများနေပီ အခုပွဲက အလုပ်ကိစ္စနဲ့ပတ်သက်ပီး ပိုအရေးကြီးတဲ့ပွဲနော် ငါ လက်နဲ့ရေးတာကို မင်းခြေနဲ့မဖျက်ချင်စမ်းပါနဲ့...... "
" မရဘူးလို့ပြောနေတယ်လေ မင်း မကြားဖူးလား......!!!!!! "








ပွဲအတွင်း အော်လိုက်သော အသံကြောင့် လူများ၏အာရုံက သူတို့ဆီ စုပြုံကျလာသည်.....
လက်တစ်ဖက်အား အတင်းချုပ်ကိုင်ကာ ဆွဲခေါ်သွားသော သူ့နောက်သို့ Taehyung ငြိမ်သက်စွာလိုက်ပါသွားမိ၏။
ပွဲအတွင်း ကျန်ရစ်ခဲ့သော Hyung မှာလည်း ပါးစပ်အဟောင်းသားဖြင့် ဘာမျှမပြောနိုင်ခဲ့......
လူများ၏ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုးဝေဖန်မှုများကို ရင်မဆိုင်ချင်သည်လည်းပါသည်မို့ ဆက်မပြောတော့ဘဲ ထွက်လာခဲ့မိသည်.....











" ဝုန်း...... အင့်..... "







ကားနောက်ခန်းထဲသို့ ကိုယ်ငယ်လေးအား စောင့်တွန်းလိုက်သည်မို့ Taehyung အနည်းငယ် နာသွားသည်....
သူကတော့ မျက်နှာတစ်ချက်မှမပျက်ဘဲ ခပ်တည်တည်နှင့် အနားတွင် ၀င်ထိုင်နေ၏။
Driver Seat တွင် ထိုင်နေသော Yoon Lay မှာလည်း သူတို့၏ အခြေအနေအား အကဲခတ်နေသလို......











တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်ပါလာမိသည်......








အိမ်ရောက်တော့လည်း ဘာစကားမျှ မပြောဘဲ ရှုးရှုးရှဲရှဲဖြင့် စာဖတ်ခန်းထဲသို့သာဝင်သွားသော သူ......
" သခင်လေး သူ ဘာဖြစ်ထားတာလဲ..... "
" ဟင့်အင်း မသိဘူး ဘာဖြစ်လို့ဖြစ်နေမှန်းကို မသိဘူး ငါ့ကို သက်သက်ဒုက္ခပေးနေတာနဲ့ တူတယ်..... ဟက် မင်းသွားနားတော့လေ..... ငါလည်းနားတော့မယ်..... "
" ဟုကဲ့ သခင်လေး...... ဂရုစိုက်ပါ..... "










VICTORIA[ COMPLETED ]Where stories live. Discover now