မနက်လင်းတော့ ထိန်းချုပ်ထားသော ဒေါသများနှင့်အတူ Jungkook, Noona အိမ်ဆီသို့ ထွက်လာခဲ့သည်......
ရှင်းမှဖြစ်မည်.....
ညကလည်း တစ်ညလုံးအိပ်မပျော်ခဲ့.....
ကို ယုံကြည်ရပီး ချစ်ခဲ့တဲ့သူက ဒီလိုမျိုး လိမ်ရက်တယ်ဆိုတာချည်းကိုပဲ စိတ်ထဲစွဲနေခဲ့သည်.....
ပီးတော့ ဒါကိုပင် အသံဖမ်းထားပေးခဲ့သော သူ့ကိုလည်း စိတ်ထဲမှ ကျေးဇူးတင်နေမိပြန်၏။ရောက်ပါပီ.....
သူတို့၏ အရင်ကနေထိုင်ခဲ့ဖူးသည့် ချစ်ရိပ်မြုံလေးဆီ.....
အရင်က လှပကာ နေချင်စဖွယ်ကောင်းခဲ့ပေမယ့် အခုတော့ စိတ်ခြောက်ခြားဖွယ်ဖြစ်နေလျက်......
လူတစ်ယောက်မှမရှိကြဘူးလား.....အိမ်ထဲသို့ အမောတကောပြေးဝင်တော့ ပျက်စီးနေသည့်ပစ္စည်းများမှလွဲ၍ ကျန်တာ ဘာမျှမရှိ.....
Noona ရော.....
ရုတ်တရက်ထွက်ပေါ်လာသော ဒေါသတို့နှင့်အတူ သူပြေးလွှား၍ ရှာနေမိသည်......
တကယ်ပဲမရှိတော့ဘူးလား ငါ့ကိုရှောင်သွားတာလား.....
ဟာ ဘယ်ရောက်သွားတာလဲကွာ.....ရှာမတွေ့သည့်အဆုံး Sofa ပေါ်တွင် စိတ်ပျက်ပျက်ဖြင့် ထိုင်ချပစ်လိုက်၏။
တကယ်တော့ Noona ပြန်လည်ထူထောင်ရေးစင်တာရောက်နေခဲ့သည်ကိုတော့.....Taehyung ညက မအိပ်ဘဲ လေသာဆောင်တွင်သာ ထွက်ထိုင်နေခဲ့သည်.....
ရင်ထဲတွင်တော့ တမျိုးမျိုးခံစားနေရသလို.....
အဲ့ခံစားချက်ကို အဓိပ္ပာယ်ဖွင့်ကာ ရှင်းပြရမည်ဆိုလျှင်တော့ သူမပြောတတ်......
သိလည်းမသိသလို သိလည်းမသိချင်......
ညက ပိုရှင်းသွားအောင် Jungkook ၏ဖုန်းထဲသို့ အသံဖိုင်လေး ထည့်ပေးထားခဲ့သည်.....
သူသိမှာပါ....
မနက်ရောက်တော့ သူ့ကိုမတွေ့ရတော့......
တကယ်ပဲ ဟိုမိန်းမဆီ သွားရှင်းတာလား......
သိချင်စိတ်တို့ဖြင့် Taehyung တစ်ယောက် ဂဏာမငြိမ်ခဲ့....အလုပ်သို့ရောက်သော်လည်း စိတ်တွေထွေနေမိသည်.....
စိတ်က တစ်ယောက်သောသူဆီရောက်နေမလားဟု မေးလာရင်တော့ Taehyung ရှက်ရှက်နှင့် ငြင်းမိမှာအမှန်......
နာရေးကိစ္စအနည်းငယ်ကျန်သေးသော်လည်း အလုပ်ကပိုအရေးကြီးသည်မို့ ထွက်လာခဲ့ရခြင်းဖြစ်သည်.....
Yoongi Hyung ကတော့ စိတ်မပူပါနှင့်ဟု အတန်တန်မှာသား.....
YOU ARE READING
VICTORIA[ COMPLETED ]
FanfictionI'm loyal , cruel , chill even I don't have a heart to love someone . They called me Psycho Taehyung but I called myself " VICTORIA " . Jeon Jungkook X Kim Taehyung X Min Yoongi